ဓာတ်ပုံ- Local

မြတ်နိုး၊ အောက်တိုဘာ ၂ ရက်၊ ဗန်းမော်

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဆုတ်ခွာထားတဲ့ နေရာတစ်နေရာ ပြန်ရထားပြီဖြစ်ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“နှစ်ရက်ဆက်တိုက် ဗန်းမော်ဘက် တိုက်ပွဲ အရမ်း ပြင်းထန်တယ်။ ဘယ်နေရာတွေ ကြဲလဲ မသိဘူး။ ဗုံးကျသံ ကျယ်လွန်းလို့ မြေကြီးတောင် တုန်ခါတယ်” လို့ ဗန်းမော်အနီး စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တိုက်လေယာဉ်တွေကလည်း နိမ့်နိမ့်လေး ပျံတာတွေ မြင်နေရပြီး စစ်ရှောင်နေရာကနေတောင် လေကြောင်း ဗုံးကြဲသံတွေ တဝုန်းဝုန်းနဲ့ ကြားနေရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၃၀ ရက်နဲ့ အောက်တိုဘာ ၁ ရက်မှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် စစ်တပ် နေရာပြန်ယူထားတဲ့ တပ်စခန်းတချို့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ပြန်သိမ်းနိုင်ခဲ့တယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“စက်တင်ဘာလ ၂၄ ရက်နေ့က ခွာထားရတဲ့ ၃ မိုင် ရွှေပြည်သာ KBC ဘုရားကျောင်းကုန်းကို အောက်တိုဘာလ ၁ ရက်နေ့ညက KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ ပြန်လည် သိမ်းပိုက်လိုက်ပြီ” လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီရဲ့ ဗန်းမော် အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်းနဲ့ အမှတ်(၅) ဆက်သွယ်ရေးတပ်ရင်းဘက်က စစ်ကြောင်း နှစ်ကြောင်းက ၆ ရက်လောက် စစ်ကြောင်း ထိုးလာခဲ့တာကြောင့် အဲဒီနေရာကနေ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ယာယီ ဆုတ်ခွာထားခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်က ကားလမ်းမကြီးအတိုင်း ထိုးဖောက်ဖို့ ပြင်ဆင်နေပြီး လမ်းမကြီးအတိုင်း ထိုးစစ်ဆင်နေရာ နေ့တိုင်း တိုက်ပွဲ ဖြစ်ပွားကာ လေကြောင်းနဲ့ ဗုံးတရစပ် ကြဲချတိုက်ခိုက်လာတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က နေရာအတော်များများ ဆုတ်ခွာထားလိုက်ရတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။

ဗန်းမော်မှာတော့ တပ်စခန်းတွေကို နှစ်ဖက်စလုံး ရလိုက်၊ ဆုတ်လိုက် အခြေအနေ ဖြစ်နေပြီး စစ်တပ်က ရေကြောင်းနဲ့ စစ်ကူ ပို့ဆောင်နိုင်တာကြောင့်လည်း တန်ပြန်ထိုးစစ်ဆင်လာတာလို့ သူက ပြောပါတယ်။

ဗန်းမော်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစ KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။