ဓာတ်ပုံ- Telegram

မိုင်းရူပ၊ မေလ ၂၃ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲမှာ တအာင်းတပ်မတော်-TNLA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး TNLA ထိန်းချုပ်ထားတဲ့ သရက်ချိုစေတီကုန်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

သရက်ချိုစေတီကုန်းကို ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှာ စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒီနေ့ မေလ ၂၃ ရက်မှာ သရက်ချိုစေတီကုန်းကို ပြန်ရဖို့ TNLA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

” မနက် ၁၀ နာရီကတည်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်။ သရက်ချိုကုန်းကို ပြန်ရဖို့ TNLA က ထိုးစစ်ပြန်လုပ်တာ” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သရက်ချိုစေတီကုန်းကို စစ်ကောင်စီတပ်ဘက်က သိမ်းပိုက်နိုင်ခဲ့ပြီး TNLA ရဲ့ တပ်ဖွဲ့ဝင်အလောင်း ၁ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ရေးသားဖော်ပြနေကြပါတယ်။

သရက်ချိုကျေးရွာဟာ စစ်ကောင်စီရဲ့ အမြှောက်တပ်တွေတည်ရှိရာ တောင်းခမ်းကျေးရွာနဲ့ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ရဲ့ ကြားမှာတည်ရှိတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး တောင်းခမ်းနဲ့ အုမ္မတီးဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တအာင်းတပ်ဘက်က ၎င်းတို့ထိန်းချုပ်ထားတဲ့ နေရာအချို့ လက်လွတ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။

မနေ့ မေလ ၂၂ ရက်မှာလည်း ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။