ဓာတ်ပုံ – Local

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ နမ္မတူ

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- PSLF/TNLA တို့ စစ်ရေးအရှိန် လျှော့ချရေး ဆွေးနွေးနေချိန် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ-ကွတ်ခိုင်မြို့နယ်အစပ် အနီးတစ်ဝိုက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက် ည ၈ နာရီခွဲဝန်းကျင်မှာ ဂျက်လေယာဥ်နဲ့ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ-ကွတ်ခိုင်မြို့နယ်အစပ်ရှိ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ဂျက်လေယာဥ်နဲ့ လာကြဲသွားတာ။ နမ္မတူ-ကွတ်ခိုင်အစပ်မှာ လာကြဲတာ။ ထိခိုက်မှုတော့ မသိရသေးဘူး” ဆိုပြီး စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်တာဟာ စစ်တပ်က TNLA ကို ဖိအားပေးတာ ဖြစ်နိုင်ပြီး လူထုတွေအနေနဲ့ သတိနဲ့နေထိုင်ကြဖို့ လိုအပ်တယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေက တိုက်တွန်းထားပါတယ်။

ကိုးကန့်တပ်မတော်- MNDAA နဲ့ သဘောတူညီမှု ရရှိထားတဲ့ စစ်ကောင်စီက အပေါ်စီးကနေ ဆွေးနွေးမယ့်သဘော ဆောင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်း၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ ထိုးစစ်တွေ ပိုလုပ်လာပြီး လေကြောင်း ပိုမိုအသုံးပြုကာ တိုက်ခိုက်နေတယ်လို့ PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။