မိုင်းရူပ၊ ဧပြီ ၂၇ ရက်၊ နောင်ချို

စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရှမ်းမြောက် နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-TNLA အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွတ်ခဲ့ရတဲ့ နောင်ချိုမြို့ကို တောင်းခမ်းစစ်မျက်နှာကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိမှာ နောင်ချိုမြို့နဲ့ ၁၀ မိုင်ကျော်သာ ကွာဝေးတဲ့ နောင်လင်ကျေးရွာအထိ စစ်ကောင်စီတွေရောက်လာပြီး နောင်လင်ရွာမှာ တိုက်ပွဲပြင်းထန်နေပါတယ်။

” ဒီနေ့က နောင်လင်ရွာထဲမှ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ စစ်ကောင်စီတပ်က ထိုးလာနေတာ။ ဒီနေ့ အမြောက်တပ် ၃၅၄ ကနေ TNLA ရှိတဲ့နေရာကို ဒရုန်းနဲ့ အဆိပ်ငွေ့လာကြဲတာရှိတယ်”

စစ်ကောင်စီတပ်ဟာ ၎င်းလက်လွတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ အုမ္မတီးကနေ ထိုးစစ်ဆင်တိုက်ခိုက်နေသလို တောင်ဂခမ်းကနေလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

သပိတ်ကျင်းမြို့နယ် ၉ မိုင်မှာလည်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီနဲ့ TNLA၊ ပူးပေါင်းတပ်တွေအကြား ဒီနေ့ ဧပြီ ၂၇ ရက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဧပြီလတစ်လလုံး အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသလို စစ်ကောင်စီတပ်ကလည်း ဧပြီလကုန်အထိ အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် လေကြောင်းနဲ့တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။