ဓာတ်ပုံ- Local

လွေးပို့ဆပေ၊ ဇန်နဝါရီ ၈ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်တဲ့ မူဆယ်မြို့နဲ့ တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့မှာ စက်သုံးဆီဈေး မြှင့်တက်မှုကြောင့် တရုတ်ထုတ်ဆိုင်ကယ် ဘက်ထရီဘီး ပိုမိုအသုံးပြုလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီ အဆမတန် ဈေးမြှင့်တက်လာတာကြောင့် စက်သုံးဆီ မလိုအပ်တဲ့ ဘက်ထရီဆိုင်ကယ်တွေကို ပိုအသုံးပြုလာကြတာလို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဓာတ်ဆီဈေး အရမ်းတက်လို့ သူများက ဘက်ထရီဘီးဘဲ အသုံးပြုလာတာ များတယ်။ ဆီဈေးအတွက် မနိုင်ကြဘူး။ သူက ဘက်ထရီခြောက်လေ။ ဓာတ်ဆီ မလိုဘူး။ လျှပ်စစ်မီးနဲ့ သွင်းရတာ။ ဘက်ထရီနဲ့ပဲ ဓာတ်ဆီ မစားဘူး။ အဲကြောင့် ဒီနောက်ပိုင်း ပိုသုံးလာတာ”

ဓာတ်ဆီ မလိုတဲ့အပြင် အားအပြည့် တစ်ခါသွင်းထားရင် သုံးလေးရက် အသုံးပြုလို့ ရတာကြောင့် ဘက်ထရီဆိုင်ကယ်ကို ပိုပြီးဝယ်စီးလာကြတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

နမ့်ခမ်းမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကလည်း “အဓိကတော့ ဓာတ်ဆီပါပဲ။ အရင်က အဲဆိုင်ကယ်တွေ မစီးဘူးလားဆိုရင် စီးတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းက အရမ်းစီးလာတယ်။ သူက ဓာတ်ဆီမလို အားနဲ့ပဲဆိုတော့ အဆင်ပြေတယ်” ဆိုပြီး ပြောပါတယ်။

တရုတ်ထုတ် ဘက်ထရီဆိုင်ကယ်တွေက ဈေးအမျိုးမျိုးရှိပြီး တစ်စီးကို တရုတ်ယွမ်ငွေ ၂ ထောင်ကနေ ၅ ထောင်ဝန်းကျင် (သိန်း ၃၀ ကျော်)အထိ ရှိတယ်လို့ သိရပါတယ်။

မြန်မာ-တရုတ်နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ တရုတ်အာဏာပိုင်တွေက စက်သုံးစီနဲ့ စားသောက်ကုန် သယ်ယူခွင့် ပိတ်ပင်လိုက်ပြီးနောက် စက်သုံးစီဈေးနှုန်း အဆမတန် မြှင့်တက်လာပြီး လက်ရှိ မူဆယ်နဲ့ နမ့်ခမ်းမှာ ဓာတ်ဆီ တစ်လီတာကို ၈ ထောင်ကနေ ၁ သောင်းဝန်းကျင် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။