ဓာတ်ပုံ- Google (ပုံဟောင်း)

လွေးထွေး၊ ဇန်နဝါရီ ၁၅ ရက်၊ ပြင်ဦးလွင်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်‌ကောင်စီတပ်မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလို့ ယူဆရသူ ရောက်နေတာကြောင့် မြို့လုံခြုံရေး ပုံမှန်ထက် တင်းကြပ်ထားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက် မနက် ၉ နာရီခန့်မှာ ရဟတ်ယာဉ်နဲ့ စစ်သင်တန်းကျောင်းရှိတဲ့ ပြင်ဦးလွင်မြို့သို့ ရောက်လာတာကြောင့် မြို့အဝင်အထွက်မှာ သွားလာတဲ့ လူထုတွေကို နေ့ရောညပါ စစ်ဆေးမေးမြန်းခဲ့တာပဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၃ ရက်ကလည်း ပြင်ဦးလွင်နဲ့ နောင်ချိုဘက်အထွက် စစ်ဆေးရေးဂိတ်မှာ ဆိုင်ကယ်နဲ့ သွားလာတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်အမျိုးသားတွေကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “‌မေမြို့ ခံစစ် မဟုတ်ရင် တိုက်စစ်အတွက် ကွပ်ကဲဖို့ လာတယ်လို့ပြောတယ်။ ဖြစ်နိုင်ခြေက ခံစစ်အတွက် ဖြစ်နိုင်ခြေ များတယ်။ စီစဉ်စရာရှိတာ စီစဉ်ပြီးရင် ပြန်မယ်လို့ ကြားထားတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့တဲ့ လူငယ်အမျိုးသားတွေဟာ အများအားဖြင့် ကျေးရွာပိုင်းမှ လူငယ်သာဖြစ်ပြီး မနေ့ ဇန်နဝါရီ ၁၄ ရက်အထိ ပြန်လွှတ်လာတာ မတွေ့ရသေးကြောင်း ၎င်းက ဆက်ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမအပတ်ကလည်း ပြင်ဦးလွင်မြို့မှ စစ်ကောင်စီရဲ့ စစ်တက္ကသိုလ် DSA ကျောင်းဆင်းပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်လာတာကြောင့် မြို့အဝင်အထွက် လုံခြုံရေး တင်းကြပ်ခဲ့ဖူးပါတယ်။

ဒါ့အပြင် စစ်တပ်က တပ်စွဲထားတဲ့ ပြင်ဦးလွင်မြို့အနီးရှိ ဝက်ဝံဂိတ်မှာလည်း သွားလာတဲ့ လူထုတွေကို စစ်ဆေးမေးမြန်းခဲ့သလို ငွေတောင်းတာလည်း လုပ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောဆိုထားဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။