ဓာတ်ပုံ- Google (ပုံဟောင်း)

လွေးထွေး၊ ဇန်နဝါရီ ၁၅ ရက်၊ ပြင်ဦးလွင်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်‌ကောင်စီတပ်မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလို့ ယူဆရသူ ရောက်နေတာကြောင့် မြို့လုံခြုံရေး ပုံမှန်ထက် တင်းကြပ်ထားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက် မနက် ၉ နာရီခန့်မှာ ရဟတ်ယာဉ်နဲ့ စစ်သင်တန်းကျောင်းရှိတဲ့ ပြင်ဦးလွင်မြို့သို့ ရောက်လာတာကြောင့် မြို့အဝင်အထွက်မှာ သွားလာတဲ့ လူထုတွေကို နေ့ရောညပါ စစ်ဆေးမေးမြန်းခဲ့တာပဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၃ ရက်ကလည်း ပြင်ဦးလွင်နဲ့ နောင်ချိုဘက်အထွက် စစ်ဆေးရေးဂိတ်မှာ ဆိုင်ကယ်နဲ့ သွားလာတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်အမျိုးသားတွေကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “‌မေမြို့ ခံစစ် မဟုတ်ရင် တိုက်စစ်အတွက် ကွပ်ကဲဖို့ လာတယ်လို့ပြောတယ်။ ဖြစ်နိုင်ခြေက ခံစစ်အတွက် ဖြစ်နိုင်ခြေ များတယ်။ စီစဉ်စရာရှိတာ စီစဉ်ပြီးရင် ပြန်မယ်လို့ ကြားထားတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့တဲ့ လူငယ်အမျိုးသားတွေဟာ အများအားဖြင့် ကျေးရွာပိုင်းမှ လူငယ်သာဖြစ်ပြီး မနေ့ ဇန်နဝါရီ ၁၄ ရက်အထိ ပြန်လွှတ်လာတာ မတွေ့ရသေးကြောင်း ၎င်းက ဆက်ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမအပတ်ကလည်း ပြင်ဦးလွင်မြို့မှ စစ်ကောင်စီရဲ့ စစ်တက္ကသိုလ် DSA ကျောင်းဆင်းပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်လာတာကြောင့် မြို့အဝင်အထွက် လုံခြုံရေး တင်းကြပ်ခဲ့ဖူးပါတယ်။

ဒါ့အပြင် စစ်တပ်က တပ်စွဲထားတဲ့ ပြင်ဦးလွင်မြို့အနီးရှိ ဝက်ဝံဂိတ်မှာလည်း သွားလာတဲ့ လူထုတွေကို စစ်ဆေးမေးမြန်းခဲ့သလို ငွေတောင်းတာလည်း လုပ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောဆိုထားဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။