လွေးထွေး၊ ဧပြီ ၁၂ ရက်၊ ရွာငံ

ရှမ်းတောင် ရွာငံ-အောင်ပန်း လမ်းမပေါ်မှာ ဓနုပြည်နယ် ကာကွယ်ရေးတပ်တော်- DSNDA က စစ်ဆေးရေး လုပ်နေချိန် ကားပေါ်ကနေ ဆင်းပြေးသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးအဆင့်ရှိသူကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့‌ကြောင်း DSNDA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ ဧပြီ ၁၁ ရက် မနက် ၆ နာရီခွဲမှာ DSNDA က စစ်ဆေးရေး လုပ်‌နေချိန် မသင်္ကာတာကြောင့် ကားပေါ်က ဆင်းခိုင်းချိန်မှာ ထွက်ပြေးဖို့လုပ်တဲ့ စစ်ကောင်စီရဲ့ ဗိုလ်ကြီးတစ်ဦးကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုကျားပျံက “စစ်ဆေးနေတာကို ထွက်‌ပြေးလို့ ပစ်လိုက်တာ သေသွားမှ ပြန်စစ်ကြည့်တော့ ဗိုလ်ကြီး ဖြစ်နေတာ။ သူတစ်ယောက်တည်းဘဲ။ တခြားတပ်သားတွေလည်း မပါဘူး” လို့ ပြောပါတယ်။

သေဆုံးသူ ဗိုလ်ကြီးထံမှ ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်းနဲ့ ငွေသားတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းရရှိတဲ့ အချက်လက်နဲ့ မြေပြင်သတင်းအချက်အလက်အရ သူဟာ ဗိုလ်ကြီးအဆင့်ရှိသူ မျိုး‌‌ဇော်သန်း‌ဖြစ်ပြီး ရွာငံမြောက်ဖက် မြို့ရဲ့ အထွက်ဂိတ်မှာ အာဏာအရှိဆုံးဖြစ်ကြောင်း ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။