ဓာတ်ပုံ- SPM

မိုင်းရူပ၊ နိုဝင်ဘာ ၁ဝ ရက်၊ ရွာငံ

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖြစ်တဲ့ ချိုးဖြူ တော်လှန်ရေးတပ် (ရွာငံ PDF)- JPRF က ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်- DPLA ထံ ပူးပေါင်းလိုက်ကြောင်း ချိုးဖြူတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။

ချိုးဖြူတပ်ဖွဲ့အနေနဲ့ ၂၀၂၂ ခုနှစ်ကစပြီး နေရာဒေသမျိုးစုံမှာ စစ်ကောင်စီတပ်ကို တော်လှန်နေပြီး တော်လှန်ရေးအရွေ့တစ်ခု အမြန်ဖြစ်ဖို့ ရည်ရွယ်တာကြောင့် DPLA နဲ့ ပူးပေါင်းသွားမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ရှေ့ဆက်ပြီး DPLF/DPLA နာမည်နဲ့ စစ်သုံးစစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ အဖိနှိပ်ခံ လူထုတွေ လွတ်မြောက်ရေးအတွက် ဆက်လက် တိုက်ပွဲ ဝင်သွားမယ်လို့ ဆိုပါတယ်။

DPLA ရဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်ကတော့ DPLA နဲ့ ချိုးဖြူတပ်ဖွဲ့ဟာ အရင်ကတည်းက မဟာမိတ်အနေနဲ့ ပူးပေါင်းလာတာဖြစ်ပြီး အခုလို ပူးပေါင်းလိုက်တာဟာ စည်းလုံးမှုကို ပြသတာဖြစ်သလို တော်လှန်ရေးကို ပိုအားကောင်းစေတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

“အခုအချိန်မှာ အားလုံး စုစုစည်းစည်း ပူးပေါင်းဆောင်ရွက်နိုင်ကြရင်တော့ အားလုံးအတွက် အကောင်းဆုံးရလဒ်က ကျိန်းသေ ထွက်လာမှာပါ”

ချိုးဖြူတပ်ဖွဲ့ဟာ ရှမ်းတောင် ရွာငံမြို့နယ်မှာ အခြေစိုက်ပြီး ရွာငံမြို့နယ်အပါအဝင် ကရင်နီပြည်ရှိ တော်လှန်ရေးတပ်တွေနဲ့လည်း ပူးပေါင်းကာ တိုက်ပွဲ ဝင်ခဲ့ပါတယ်။

DPLA တပ်ကတော့ ရှမ်းမြောက်မှာ တအာင်းတပ်- TNLA နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး ရှမ်းတောင်ရှိ ဓနုလူမျိုးတွေ အများဆုံး နေထိုင်တဲ့ ပင်းတယ၊ ရွာငံ၊ ရပ်စောက် စတဲ့မြို့နယ်မှာ အခြေချ လှုပ်ရှားနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။