ဓာတ်ပုံ- CJ

ပို့လဘား၊ ဧပြီ ၂၅ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့မှာ မင်္ဂလာဆောင်ဓာတ်ပုံ လာရိုက်သူ ဓားပြ တိုက်ခံခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီ ၂၄ ရက် ည ၆ နာရီကျော်မှာ လားရှိုးမြို့မှာရှိတဲ့ ဟွာလီ ဓာတ်ပုံဆိုင်တစ်ခုမှာ အမျိုးသားသုံးဦးက ပစ္စတို‌ သေနတ် ကိုင်ဆောင်ပြီး မင်္ဂလာဆောင်မယ့် အမျိုးသမီးရဲ့ခေါင်းကို သေနတ်နဲ့ ထောက်ပြီးတော့ ဓားပြ တိုက်ခဲ့တယ်လို့ ပြောပါတယ်။

“သူတို့နှစ်ယောက် ဓာတ်ပုံ လာရိုက်တာပေါ့။ အဲဒီမိန်းကလေးက ဒီကိုပြန်လာတာ မကြာသေးဘူး။ သူတခြားမြို့မှာ အလုပ် လုပ်နေတာ။ ကြည့်ရတာ သိတဲ့သူကပဲ လာတိုက်တာထင်တယ်။ ကားရော ပါသွားတယ်။ ကားထဲမှာလည်း ပိုက်ဆံ သိန်း ၁၁၀ ပါတယ်။ သူတို့မျက်နှာလည်း သေချာမမြင်ရဘူး။ Maskနဲ့ အုပ်ထားတယ်။ ကြည့်ရတာ တရုတ်လူမျိုးထင်တယ်။ ဓားပြ လာတိုက်တဲ့လူတွေကို ကြည့်ရတာ အသက် ၂၅၊ ၃၀ ဝန်းကျင်လောက် ရှိမယ်ထင်တယ်”

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကလည်း လားရှိုးမြို့ ပါရမီလမ်းသွယ် ထင်းရှူးမြိုင်သို့သွားတဲ့လမ်းမှာ အမျိုးသမီးငယ်တစ်ဦး စာသင်ပြီး အပြန်လမ်းမှာ ဓားပြ တိုက်ခံခဲ့ရပါတယ်။

လားရှိုးမြို့မှာ ဧပြီလအတွင်း ဓားပြတိုက်မှု လုယက်မှု ၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။