ဓာတ်ပုံ – CJ

မိုင်းရူပ၊ သြဂုတ် ၃ ရက်၊ နောင်ချို

TNLA ထိန်းချုပ်ဒေသကို စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် နောင်ချိုမြို့နယ်နဲ့ မိုးကုတ်မြို့နယ်ကြားရှိ လွယ်ငင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နောင်ချို-မိုးကုတ်လမ်းပေါ်ရှိ သုံးဆယ်၊ ရွှေကြာအင်းကျေးရွာတွေကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တော်မွန်နဲ့ လွယ်ငင်းကျေးရွာဘက်ကို ဆက်လက်ထိုးစစ်ဆင်လာနေတာ ဖြစ်ပါတယ်။

“တိုက်ပွဲက နောင်ချို-မိုးကုတ်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေတာ ဟုတ်တယ်။ ဒီနေ့က လွယ်ငင်းရွာမှာ ဖြစ်နေတာ” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က နောင်ချိုမြို့ကို ပြန်ထိန်းချုပ်ပြီး နောင်ချို- မိုးကုတ်လမ်းပေါ်ရှိ ကျေးရွာတွေကို ဆက်လက်ထိုးစစ်ဆင်နေဖြစ်ပြီး TNLA ဘက်က ကျေးရွာတချို့ကို ပြန်လည်လက်လွှတ်ခဲ့ရတာတွေ ရှိနေပါတယ်။

စစ်ကောင်စီတပ်ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာလည်း တော်မွန်ရွာအနီးရှိ TNLA ရဲ့ စခန်းကုန်းကို မနေ့ သြဂုတ် ၂ ရက်မှာ စစ်တပ်ဘက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

TNLA တပ်ဘက်ကတော့ နောင်ချို-မိုးကုတ်လမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ၁ နှစ်ကျော်အကြာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ စစ်တပ်ထံ ပြန်လည်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။