ရွှေဖီမြေ၊ ဧပြီ ၁၉ ရက်၊ လားရှိုး

မနေ့ ဧပြီ ၁၈ ရက်က စစ်ကောင်စီကိုယ်စားလှယ်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် တိန်ရှီကျွင်းကိုယ်တိုင်ဦးဆောင်ပြီး လားရှိုးမြို့ထဲ ရောက်ရှိလာပြီးတော့ ကိုးကန့်တပ်ဆီကနေ လားရှိုးမြို့ လွှဲပြောင်းရယူရေး ကိုယ်တိုင် ဆောင်ရွက်ပေးနေတယ်လို့ အခြေနေသိရှိတဲ့ လားရှိုးမြို့ရှိ သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

တိန်ရှီကျွင်းကိုယ်တိုင် ရောက်ရှိနေတာကြောင့် လုံခြုံရေးကို ကိုးကန့်တပ်က အထူးကြပ်မတ်ကာ လုပ်ဆောင်နေရတယ်လို့လည်း ဆိုပါတယ်။

“လားရှိုးမြို့ကို စကစထံ လွှဲပြောင်းရေးကို တိန်ရှီကျွင်းကိုယ်တိုင်က တာဝန်ယူ လုပ်ပေးသွားမှာဖြစ်မယ်။ ဝင်လာတုန်းကလည်း သူကိုယ်တိုင် ဦးဆောင်တာ။ အဲဒါကြောင့် လုံခြုံရေး ကိုးကန့်တပ်တွေ ခဏတင်းကြပ် လမ်းတွေ ပိတ်ထားရတာ”

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကိုးကန့်တပ်ဆီကနေတော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

စစ်ကောင်စီထံ လားရှိုးမြို့ကို လာမယ့် ဧပြီ ၂၁ ရက်မှာ နောက်ဆုံးထား လွှဲပြောင်းပေးသွားမယ်လို့ သတင်း ထွက်ပေါ်နေပေမဲ့ ရွှေဖီမြေအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာတော့ လားရှိုးမြို့ပတ်ပတ်လည်မှာတော့ ကိုးကန့်တပ် လုံခြုံရေး ယူထားဆဲဖြစ်ပြီး မြို့ထဲမှာတော့ အခြေအနေ တည်ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

လားရှိုးကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဘက်ကတော့ တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။