ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဇန်နဝါရီ ၃၁ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့ အကျဥ်းထောင် အာဏာပိုင်တွေက အကျဥ်းသားရဲ့ မိသားစုဝင်အပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှု ရှိနေတယ်လို့ အကျဥ်းသားမိသားစုဝင်ဆီက သိရပါတယ်။

ကလေးအကျဥ်းဦးစီးဌာန အကျဥ်းထောင်တာဝန်ခံအရာရှိ ဦးအောင်စိုးဟိန်းနဲ့ အကျဥ်းထောင် လုံခြုံရေးတာဝန်ခံအရာရှိ ဦးဟန်ဝင်းအောင်ဟာ အကျဥ်းသားရဲ့ ဇနီးအပေါ် ဖုန်းနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုရှိနေတာ ဖြစ်ပါတယ်။

“ကျမရဲ့ ဖုန်းနံပါတ် တောင်းတော့ ထောင်ထဲက အမျိုးသားအတွက် တစ်ခုခုဆို ဆက်သွယ်လို့ရအောင် ပေးလိုက်တာပါ။ နောက်တော့မှ ဖုန်းဆက်လာတယ်။ အကျဥ်းကျနေတဲ့ အမျိုးသားအတွက် နေရေး၊ ထိုင်ရေးအဆင်ပြေဖို့၊ ရက်လျှော့ပေးဖို့အတွက် ကျမကို အတူနေပေးဖို့ ပြောလာတယ်။ ကြားကြားချင်း အရမ်းရှက်လည်းရှက်သလို ကြောက်လည်း ကြောက်ပါတယ်။ ပြီးတော့ ဦးလေး ဆရာလို့ မခေါ်ပါနဲ့ အစ်ကိုကြီးလို့ခေါ်ပါတဲ့” လို့ အကျဥ်းသား မိသားစုဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အခုလို အကျဥ်းထောင် အာဏာပိုင်ရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုကို တခြားအကျဥ်းသားရဲ့ မိသားစုဝင်လည်း ကြုံတွေ့ရတယ်လို့ သိရပါတယ်။

“ကျမ တခြားသူတွေဆီ ထပ်မေးတယ်။ သူတို့တွေလည်း ကျမလို အပြောခံရလားဆိုတာ။ အဲမှာပဲ တခြားသူတွေလည်း အပြောခံရတယ်ဆိုတာ သိရတယ်။ တခြားသူတွေကိုလည်း သူတို့နဲ့ အပြင်မှာ သီးသန့်အတူတူနေပေးရင် အမျိုးသားကို လျှော့ရက် ပေးမယ်။ နေရေးထိုင်ရေး အဆင်ပြေအောင် လုပ်ပေးမယ် ပြောတယ်လို့ ကြားရတယ်” လို့ အကျဥ်းသားမိသားစုဝင်တစ်ဦးက ရွှေဖီမြေသို့ ဆက်ပြောပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုအပြင် ငွေကြေး တောင်းခံတာ၊ ကုန်ပစ္စည်း ဝယ်ပေးဖို့ တောင်းခံတာတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။

လက်ရှိ ကလေးအကျဉ်းထောင်မှာ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၁,၅၀၀ နီးပါးရှိပြီး အဲဒီအထဲက နိုင်ငံရေး အကျဉ်းသား အကျဉ်းသူ ၅၀၀ နီးပါး ရှိနိုင်တယ်လို့ သိရပါတယ်။

ကလေးအကျဉ်းထောင်ရှိ နိုင်ကျဉ်း မိသားစုဝင်အပေါ် ထောင်အာဏာပိုင်က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်နေမှုနဲ့ပတ်သက်ပြီး လူ့ကျင့်ဝတ်အရ၊ လူ့အခွင့်အရေးအရ ချိုးဖောက်တာဖြစ်လို့ PPNM က အပြင်းအထန်ရှုတ်ချထားပါတယ်။

အခု ဖြစ်စဉ်တွေကို မှတ်တမ်း တင်ထားပြီး အမှန်တရားနဲ့ တရားမျှတမှု ဖော်ဆောင်သွားမယ်လို့ PPNM က မနေ့ ဇန်နဝါရီ ၃၀ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။