ဓာတ်ပုံ- Local

မိုင်းရူပ၊ ဧပြီ ၆ ရက်၊ နောင်ချို

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ လေယာဥ်နဲ့ ဆက်လက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီ ၅ ရက် ည ၁၀ နာရီ ၁၁ မိနစ်မှာ နောင်ချိုမြို့နယ် နောင်လင်နဲ့ နမ့်ဆောင်ဟူးကျေးရွာထဲ ဂျက်ဖိုက်တာ လေယာဥ်နဲ့ ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“၁၀ နာရီ ၁၁ မိနစ်မှာ ၁ လုံး ကြဲပြီး ၁၀ နာရီ ၁၅ မိနစ်မှာ နောက်တစ်လုံး ပြန်ကြဲတယ်။ လူအထိအခိုက်တော့ မရှိဘူး။ အိမ်တွေပဲ ပျက်တာ” လို့ နောင်ချိုဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချို့မြို့နယ်မှာ စစ်တပ်ရဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် လွယ်ခွင်ရွာကို ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ ၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

နောင်ချိုမြို့နယ် တောင်းခမ်းရွာမှာ စစ်တပ်ဘက်က စစ်အင်အား ဖြည့်တင်းပြီးနောက် ဧပြီ ၄ ရက်ကစပြီး TNLA တည်ရှိရာကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပါတယ်။

ငလျင်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ ပြန်လည်ထူထောင်ရေး ပြုလုပ်နိုင်ဖို့ TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဧပြီလ တစ်လလုံး အပစ်ရပ်ကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကလည်း ဧပြီ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ နိုင်ငံတဝန်းမှာ လေကြောင်းနဲ့ တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပါတယ်။

မနေ့ တစ်ရက်တည်းမှာတင် TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းရှိ ပင့်ကူတောင်ခြေကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

စစ်တပ်ဟာ နိုင်ငံတဝန်းမှာ လေကြောင်းနဲ့တိုက်ခိုက်တာ ထိုးစစ်ဆင်တာ ပြုလုပ်နေပေမဲ့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အပစ်ရပ်ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တွေအပါဝင် ပြည်သူ့ကာကွယ်ရေးတပ်- PDF တွေဟာ စစ်တပ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။