ပို့လဘား၊ ဩဂုတ် ၁၅ ရက်၊ မူဆယ်
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ အမျိုးသမီးတစ်ဦး ပျောက်ဆုံးပြီး ၃ ရက်အကြာမှာတော့ သေဆုံးနေတဲ့ အလောင်းကိုသာ ပြန်လည် တွေ့ရှိခဲ့ပါတယ်။
အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်မှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဩဂုတ် ၁၁ ရက်မှာတော့ မူဆယ်မြို့ စက်မှုရပ်ကွက်လမ်းအဆင်းမှာ အလောင်း တွေ့ရှိခဲ့တယ်လို့ မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ကောင်းမှုလွယ်က ကလေးမလေး။ သူပျောက်တဲ့အကြောင်း သူများက ဟိုတနေ့ကမှ တင်တာတွေ့တယ်။ အခုက ပိုင်ရှင်မဲ့အလောင်း တွေ့တယ်ဆိုပြီး ပြောကြတယ်။ အလောင်းက မြို့ပတ်လမ်း စက်မှုရပ်ကွက်လမ်းအဆင်းမှာ တွေ့တာ”
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကလည်း အသက်၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပျောက်ဆုံးပြီး ၄ ရက်အကြာမှာ သေဆုံးနေတဲ့ အလောင်းကိုသာ ပြန်လည် တွေ့ရှိခဲ့ပါတယ်။
စစ်တပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ လူသတ်မှု၊ ဓားပြတိုက်မှု၊ လုယက်မှုနဲ့ ခိုးမှု စတဲ့ဒုစရိုက်မှုတွေ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။