ဓာတ်ပုံ – ရှေ့တန်း သတင်းရင်းမြစ်

မြတ်နိုး၊ ဇန်နဝါရီ ၂၆ ရက်၊ ဗန်းမော်

ကချင်ပြည်နယ် ဗန်းမော်ရှိ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာတပ်ကို မနေ့ ဇန်နဝါရီ ၂၅ ရက်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် ရှင်းလင်းသိမ်းပိုက်လိုက်ပြီး သံချပ်ကာကား ၇ စီး သိမ်းပိုက်ရရှိခဲ့ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဗန်းမော်မြို့ရှိ စစ်ကောင်စီရဲ့ သစခ ၇၂ ကွပ်ကဲမှုအောက်က အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းကို ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်နေ့ ညနေ ၄ နာရီလောက်မှာ အပြီးသတ် ရှင်းလင်းသိမ်းပိုက်လိုက်ပြီ။ သံချပ်ကာ စုစု ပေါင်း ၇ စီး ရထားတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက်ကလည်း အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းရှိ သံချပ်ကာ ၄ စီးသိမ်းပိုက်ရရှိခဲ့တဲ့အပြင် ၀န်တင်တပ်ရင်း၊ ထောက်ပို့တပ်ရင်းလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့က မနက်ပိုင်း စစ်ကောင်စီအရာရှိ တစ်ယောက် ဖမ်းမိထားတယ်လို့ ကြားတယ်။ လေယာဉ်နဲ့ ဒရုန်းဗုံးတွေ တော်တော်ကြဲတယ်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မနေ့မနက် ၅ နာရီခန့်ကစပြီး နှစ်ဖက်တပ်ဖွဲ့ ပစ်ခတ်မှု ပြန်လည် စတင်ခဲ့ကာ စကစ ၂၁ ၀န်းကျင်မှာ‌ေတာ့ တိုက်ပွဲ ပြင်းထန်တယ်လို့ ဆိုပါတယ်။

စစ်တပ်က ဗန်းမော်မြို့ လက်မလွှတ်ရေးအတွက် လေကြောင်း၊ ဒရုန်း အပြင်းအထန် အသုံးပြု တိုက်ခိုက်နေကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ၀န်းရံပိတ်ဆို့ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်မှာတော့ သံချပ်ကာ ၇ စီး ရန်သူတပ်က သိမ်းထားကြောင်း၊ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း သိမ်းခံရကြောင်း ဖော်ပြထားပါတယ်။

ဗန်းမော်က အမှတ် ၉၃၃ ထောက်ပို့တပ်ရင်းဘက်ကနေ တပ်ဆုတ်ပေးလိုက်ရပြီး ဗန်းမော်တက္ကသိုလ်ဘက် ပူးပေါင်းထားကာ လက်ရှိမှာတော့ ပိတ်မိနေတဲ့ အနေအထားဖြစ်ကြောင်း ဖော်ပြထားပါတယ်။

စကခ ၂၁ က အရာရှိစစ်သည်တချို့ မနေ့ညက စတင်ဆုတ်ခွာနေပြီဖြစ်ပြီး ရန်သူက တင့်ကား ၉ စီးနဲ့ ပစ်နေကာ ကြေမွကုန်ပြီးတော့ အကျအဆုံး များတယ်လို့လည်း ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီခန့်ကလည်း စစ်တပ်က ဗန်းမော်ဘက် တိုက်ပွဲ ပြင်းထန်တာကြောင့် လိုင်ဇာမြို့အနီးနဲ့ လိုင်ဇာမြို့ပေါ်ရှိ မြစ်ကြီးနား ဟိုတယ်ကို အသေခံ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ဗန်းမော်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်ကစ KIA နဲ့ ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တွေ စတင် ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။