ဓာတ်ပုံ – Local

မြတ်နိုး၊ ဧပြီ ၂၆၊ ဗန်းမော်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မနေ့ ဧပြီလ ၂၅ ရက်နေ့မနက် ၄ နာရီ ဝန်းကျင်ခန့်ကစပြီး ဒီနေ့ ဧပြီလ ၂၆ ရက်နေ့အထိ ၂ ရက်ဆက်တိုက် တိုက်ပွဲပြန်လည် ပြင်းထန်နေကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က ရဲဘော်တွေလည်း အတော်ထိတယ်။ စစ်ကောင်စီတွေကိုလည်း တော်တော်များများ ဖမ်းမိတာရှိတယ်။ ‌ရှင်းပစ်တာလည်း ရှိတယ်။ သူတို့ဘက်လည်း အထိအခိုက်ပိုများတယ်” လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်း၊ဒရုံးတွေနဲ့ တရစပ် ဗုံးကြဲတိုက်ခိုက်တယ်လို့ သူက ပြောပါတယ်။

ဗန်းမော် မင်းကျောင်းကုန်းပရဟိတဘုန်းကြီးကျောင်းလည်း လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပြီး ထိခိုက်မှုများကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

“မင်းကျောင်းကုန်း ဘက်တွေ မီးအရမ်းလောင်နေတယ်။ ငါးဇွန်တန်း ဘက်လည်း လေယာဉ်နဲ့ ဗုံးကြဲသွားတယ်။ ရုံးကြီးနဲ့ စည်ပင်တကျော့ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ဘက်က ပြန်သိမ်းသွားတယ်၊ ဟော်ရီဇုံဘက်တော့ ရှော့တိုက် ဒုံးတွေ တအားကျနေတယ်”လို့ သူက ပြောပါတယ်။

မနေ့ ဧပြီလ ၂၅ ရက်နေ့ မနက် အစောပိုင်း ကတည်းက စကခ ၂၁ ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်နေပြီး ခလရ ၄၇ ကိုတော့ ဧပြီလ ၂၄ ရက်နေ့ ညပိုင်းကတည်းက တိုက်နေပြီလို့ သူက ပြောပါတယ်။

မြို့ထဲမှာ တိုက်ပွဲ ကြမ်းနေပြီး စစ်ကောင်စီဘက်ကတော့ လေယာဉ် တစ်စီးပြီး တစ်စီးနဲ့မနားတမ်း ဗုံးလာကြဲနေတယ်လို့ ဆိုပါတယ်။

ဒီနေ့ ဧပြီလ ၂၅ ရက်နေ့ မနက်ခင်းပိုင်းမှာ စကခ ၂၁ ရဲ့ကာကင်း ၅ နေရာထက်မနည်းသိမ်းပိုက်ရရှိထားပြီး ဗန်းမော်မြို့ထဲက စစ်ကောင်စီ တပ်ဖွဲ့ တပ်စွဲထားတဲ့ နေရာတချို့ကိုပါ တော်လှန်ရေးတပ်တွေ ထပ်မံသိမ်းပိုက် ရရှိထားကြောင်း ဗန်းမော်သတင်းတွေကို ဖော်ပြနေတဲ့ ဗန်းမော် Scout က ‌ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ရာ နေရာအနီးနားက နေအိမ်တွေ အပျက်အစီး အထိအခိုက်များပြီး အရပ်သားတချို့ ထိခိုက်ကြောင်း သိရပေမယ့်အတည်ပြုဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ ညပိုင်းက ဗန်းမော်မြို့ထဲ တိုက်ပွဲဖြစ်နေသံတွေ ကြားလာရပြီး အခုရက်ပိုင်းအတွင်း မြို့ထဲ ပြန်ဝင်လာတဲ့ ဒေသခံပြည်သူတွေကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်ထွက်ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။