မြတ်နိုး၊ မေ ၆ရက်၊ ဗန်းမော်

ကချင်ပြည်နယ်ရဲ့ ဒုတိယ မြို့တော်ဖြစ်တဲ့ ဗန်းမော်မှာ ဒီနေ့ မေလ ၆ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲ ပြန်လည်ပြင်းထန်လာကြောင်း ဒေသခံတွေနဲ့ ရှေ့တန်း အသိုင်းအဝိုင်းဆီက စုံစမ်းသိရပါတယ်။

“ဒီနေ့ မေလ ၆ ရက်မနက် နောက်တကျော့ ပစ်ခတ်သံတွေ အတော်ကို ပြင်းပြင်းထန်ထန် ပြန်ကြားနေရတယ်။ စစ်ကောင်စီတွေ ဘယ်က လေယာဉ်ပြန် ခေါ်ယူနေလဲ မသိဘူး။ ဒီမနက်တော့ လာကြဲတဲ့အသံကို ကျမတို့ တောင်ပေါ်ကနေတောင် အတော်ကြားနေရတယ်”လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အရင်ရက်တွေက ပစ်ခတ်သံရှိပေမယ့် ဒီနေ့လောက်မပြင်းထန်ဘူးလို့ ဆိုပါတယ်။

“ဒီမနက် လေယာဉ်နဲ့ ပထမ အခေါက် လာကြဲတာ ရွှံ့နွံထဲ ကျလို့ သိပ်မစိုးရိမ်ရဘူး။ နောက်တစ်ခါက် လာကြဲတာ သူတို့အသီးက ဖြည်းဖြည်းချင်းပဲ ကျလာတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဗန်းမော်ရဲ့ အရေးအကြီးဆုံး စစ်ကောင်စီ တပ်စခန်း တစ်ခုထဲ KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်ရှိနေပြီဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒေသခံတွေကတော့ မြို့ထဲ မီးလောင်ကျွမ်းနေတဲ့ နေရာ ၃ခု ထပ်တိုးလာပြီး တပ်တွင်းကျောင်း မရောက်ခင် ဘုရားရှိတဲ့နေရာ၊ တောင်လေးလုံး ရှေ့ လမ်းကြားတစ်နေရာ နဲ့ ရွှေညောင်ပင်ဆိုင်နား တစ်နေရာမှာ လောင်ကျွမ်းနေတယ်လို့ ခန့်မှန်းရပေမယ့် မြေပြင် အခြေအနေ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

ဗန်းမော် စကခ – ၂၁ရဲ့ ၇၀ ရာခိုင်နှုန်းကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေ ရနေပြီ ဖြစ်လို့ နောက်ဆုံး တိုက်ပွဲအခြေအနေ ရောက်နေပြီ ဖြစ်ကြောင်း စစ်ကောင်စီထောက်ခံ တယ်လီဂရမ်မှာ ရေးသားဖော်ပြနေကြပါတယ်။

မနေ့ မေလ ၅ ရက်နေ့ မနက် အစောပိုင်းကလည်း ဗန်းမော်ဘက် နေရာ၃ခုမှာ KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေ ပြင်းပြင်းထန်ထန်သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

မေလ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်ခန့်ကလည်း ဗန်းမော်က စစ်ကောင်စီတွေ အင်အားအတော် လျော့လာတာကြောင့် မိုးညင်းဘက်ကနေ အင်အား ထပ်ဖြည့်ဖို့ ရဟတ်ယာဉ် ၃ စင်းနဲ့ အင်အား လာချတာမှာ KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေ ဆီးကြို ပစ်ခတ်ခဲ့လို့ တစ်စင်း လှည့်ပျံ သွားပေမယ့် ၂ စင်းက လူအင်အား ချပေးသွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကချင် ပြည်နယ် ဗန်းမော်၊ ဖားကန့်လမ်း၊ တနိုင်းလမ်းနဲ့ ဝိုင်းမော်မြို့နယ် တွေဘက်မှာ စစ်ကောင်စီ ပူးပေါင်း တပ်ဖွဲ့တွေနဲ့ KIA ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။