မိုင်းရူပ၊ ဧပြီ ၅ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာနဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အမြှောက်တပ်တွေ တည်ရှိရာ တောင်းခမ်းရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်ကလည်း စစ်တပ်ဘက်က စစ်အင်အား ဖြည့်တင်းပြီးနောက် မနေ့ ဧပြီ ၄ ရက်ကစပြီး TNLA တည်ရှိရာကို ထိုးစစ်ဆင် တိုက်ခိုက်လာတာပဲ ဖြစ်ပါတယ်။

“၉၀၂ တပ်စခန်းမှာ တိုက်ပွဲက ပြင်းထန်နေတယ်။ စစ်ကောင်စီဘက်က အင်အား ဖြည့်ပြီးနောက်ပိုင်း ထိုးစစ် ပြန်လုပ်လာတာ” လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ပြောပါတယ်။

တောင်းခမ်းရွာမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ တပ်အပါအဝင် အမြှောက်တပ်တပ်စခန်းတွေ ဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကတည်းက စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။

သပိတ်ကျင်းမြို့နယ် ၇ မိုင်ရွာမှာတော့ TNLA၊ မိုးကုတ်ဗျူဟာနဲ့ မန္တလေး PDF တွေ တည်ရှိရာကို စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေသလို မနေ့မှာလည်း စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

“၇ မိုင်မှာက တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ။ လေယာဥ်နဲ့လည်း လာကြဲတယ်” လို့ ၇ မိုင်ရှိ ရွှေဖီမြေရဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်သင့်တဲ့လူထုတွေကို စာနာတဲ့အနေနဲ့ ပြန်လည် ထူထောင်ရေး လုပ်နိုင်ဖို့ ဧပြီ တစ်လလုံး အပစ်ရပ်ကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်တပ်ကလည်း ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ တော်လှန်ရေး အင်အားစုတွေထိန်းချုပ်ဒေသကို လေကြောင်းနဲ့ တိုက်ခိုက်တာ ထိုးစစ် ဆင်တာတွေ ပြုလုပ်နေပါတယ်။

ဒီနေ့ ဧပြီ ၅ ရက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ပင့်ကူတောင်ခြေကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။