ဓာတ်ပုံ- Telegram

မိုင်းရူပ၊ မေလ ၂၅ ရက်၊ နောင်ချို

စစ်ကောင်စီရဲ့ အမြှောက်တပ်တွေတည်ရှိရာ တောင်းခမ်းကျေးရွာအနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မေလ ၂၄ ရက်မှာ တောင်းခမ်းအနီးရှိ နောင်လိတ်ရွာမှာ စစ်တပ်နဲ့ TNLA အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မနေ့ နောင်လိတ်ရွာမှာ တိုက်ပွဲဖြစ်တာရှိတယ်။ ဒီနောက်ပိုင်းမှာ စစ်ကောင်စီက လေယာဉ်ကို အရင်ကလောက် သုံးတာ မတွေ့ရတော့ဘူး။ လက်နက်ကြီး၊ အဆိပ်ငွေ့နဲ့ ဒရုန်းတွေကို ပိုအသုံးပြုလာတယ်”

စစ်တပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး တောင်းခမ်းနဲ့ အုမ္မတီးဘက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တအာင်းတပ်ဘက်က ၎င်းတို့ ထိန်းချုပ်ထားတဲ့ နေရာအချို့ လက်လွှတ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှာလည်း စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် TNLA ထိန်းချုပ်ထားတဲ့ သရက်ချိုစေတီကုန်းကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်ခဲ့ပါတယ်။

တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ အပါအဝင် အမြှောက်တပ်တပ်စခန်းတွေဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချတပ်စွဲထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လကတည်းက စစ်တပ်နဲ့ TNLA တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က မေလကုန်အထိ အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသလို စစ်ကောင်စီတပ်ကလည်း မေလကုန်အထိ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ ပစ်ခတ်တိုက်တာနဲ့ ထိုးစစ်ဆင်တာတွေ ဆက်ရှိနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။