မိုင်းရူပ၊ ဇွန်လ ၄ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့အနီးရှိ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ကျေးရွာ ၂၀ မှာ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်သွားမယ်လို့ ကိုးကန့်တပ်က မနေ့ ဇွန်လ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီကျေးရွာတွေမှာ မနက်ဖြန် ဇွန်လ ၅ ရက်ကစပြီး ကျောင်းအပ်လက်ခံမှာဖြစ်ပြီး မူလတန်းတွေအတွက် ကျောင်းဝင်ကြေးအခမဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

စာသင်ကျောင်း ဖွင့်လှစ်သွားမယ့် ကျေးရွာတွေဟာ မယ်ဟန်၊ ခေးနင်း၊ နောင်မွန်၊ မန်ဆန်ရေကျ၊ ခါးရှိ၊ မန်ပျဥ်၊ သံလွင်၊ နမ့်ပေါင်၊ နမ္မဗောဓ၊ လွယ်ငင်း၊ ဟိုယ၊ ရှန်ခိုက်၊ ခိုက်ရှန်၊ နောင်လိုင်၊ အီနိုင်း၊ ကုန်းညို့၊ နမ့်ဟူး၊ အောင်သစ္စာ၊ ဟိုပိတ်နဲ့ နမ့်ကျန်စတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

“အဲကျောင်းတွေကို အထူးဒေသ (၁) ပညာရေးဌာနအောက်ကနေ သွားမှာပါ။ စကစပညာရေးအောက်ကနေ သွားမှာ မဟုတ်ပါဘူး” လို့ ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောင်းတက်မယ့် ကျောင်းသူ ကျောင်းသားတွေကို အရင်လက်ခံသွားမှာဖြစ်ပြီး စာသင်ကျောင်းတွေ ဖွင့်လှစ်မယ့်ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

အထူးဒေသ (၁) အတွင်းရှိ စာသင်ကျောင်းတွေကိုလည်း ကျောင်းဖွင့်လှစ်နိုင်ဖို့ ထောက်ပံ့ပေးသွားမယ်လို့ ကိုးကန့်တပ်က ဆိုပါတယ်။

ကိုးကန့်တပ်ဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် လားရှိုးမြို့တွင်းရှိ ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီထံ ပြန်ပေးခဲ့ရပြီး လားရှိုးမြို့အပြင်က ကျေးရွာတွေကိုသာ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ဒေသက စာသင်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ CDM ဆရာဆရာမတွေ ဖိတ်ခေါ်ကြောင်း မေလ ၂၅ ရက်မှာ ကိုးကန့်တပ်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။