ဓာတ်ပုံ- Local

ပို့လဘား၊ ဩဂုတ် ၂၀ ရက်၊ နောင်ပိန်

‌ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ကလေးအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ရှမ်းတပ်မတော်- SSPP/SSA က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဩဂုတ် ၂၀ ရက် မနက် ၁၀ နာရီခွဲမှာ နောင်ပိန် အလယ်ကျောင်းမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒေသခံတစ်ဦးက “ပေါင် ၅၀၀ လာချတယ်။ ကလေးတစ်ယောက်က ဗိုက်ပွင့်ပြီး ခေါင်း စုတ်ပြတ်သတ်သွားတယ်။ နောင်ပိန် အလယ်ကျောင်းနားမှာတစ်လုံး၊ လုပ်ပါ ရဲစခန်းရှေ့ ပွဲရုံမှာလည်း တစ်လုံးကျတယ်။ သေဆုံးသူ တိုးလာနိုင်တယ်” လို့ ပြောပါတယ်။

စစ်တပ်ဟာ ဒရုန်းနဲ့လက်နက်ကြီး ဆက်တိုက် ပစ်ခတ်တိုက်ခိုက်တာကြောင့် နောင်ပိန်ရွာခံအပြင် ဇီးပင်၊ ပင်ပေါ၊ ပင်တိန်၊ ပင်တီး၊ ကျောင်းကုန်း၊ ဖီသစ်၊ ခေးနင်းနဲ့ လွယ်ကုန်ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် နောင်ပိန်ရွာအနီး ထန်းတပင်ရွာဘက်မှာ စစ်တပ်နဲ့ တအာင်းတပ်- TNLA တို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက် နေ့လယ်ပိုင်းကစပြီး နောင်ချိုမြို့က‌နေ ကျောက်မဲမြို့နယ် နောင်ပိန်အနီးရှိ လုံကြိမ်နဲ့ ကျောင်းကုန်းရွာဘက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။