မိုင်းရူပ၊ စက်တင်ဘာ ၁၁ ရက်၊ မူဆယ်
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ် (၁၀၅) မိုင်မှာ အမျိုးသားတစ်ဦး ဓားနဲ့ ထိုးသတ်ခံရပြီး ၁ ပတ်ကြာတဲ့အထိ တရားခံမဖမ်းမိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်မှာ ၁၀၅ မိုင် ရပ်ကွက် ၃ ရှိ နေအိမ်တစ်ခုမှာ သူခိုးတွေ ပစ္စည်းဝင်ခိုးဖို့ လုပ်နေစဉ် အိမ်ရှင်ဖြစ်သူ အသက် ၅၆ နှစ်အရွယ် ဦးမျိုးမင်းထွန်း ဆိုသူဟာ ဦးခေါင်းမှာ ဓားနဲ့ ခုတ်ခံရပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။
“အိမ်မှာ သူတစ်ယောက်ပဲရှိတယ်။ အစမူးပြီး ကုတင်ပေါ် လဲကျပြီး သေတယ်ထင်နေတာ။ ၂ ရက်လောက်နေမှ အလောင်းကြည့်မိတာ။ ဒီနေ့ (စက်တင်ဘာ ၁၁) မှာ သူရက်လည်ပြီးတာ” လို့ ဖြစ်စဉ် သိရသူ ၁၀၅ မိုင် ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဦးမျိုးမင်းထွန်းကို သတ်သွားတဲ့ တရားခံကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆက်လက်ရှာဖွေနေပြီး ဒီနေ့အထိ ဖမ်းမိတာ မရှိသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်မှာလည်း မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာမှာ မူးယစ်ဆေးဝါး သုံးစွဲထားတဲ့ အမျိုးသားတစ်ဦးက အမျိုးသားတစ်ဦးကို ဓားနဲ့ ခုတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ဖူးပါတယ်။
မိုင်းယု (၁၀၅) မိုင်ကို ၂၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်သိမ်းထားပြီး ၎င်းတို့ အုပ်ချုပ်ရေး ယန္တရားနဲ့ လည်ပတ်နေတာလည်း ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။