ဓာတ်ပုံ – DSNDA

ခိုင်လေး၊ ဇန်နဝါရီ ၃၀ ရက်၊ ရွာငံ

ရှမ်းတောင် ရွာငံမြို့နယ် မင်းပလောင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်တာကြောင့် ဒေသခံ ၇၀၀ ဝန်းကျင် ဆေးဝါးနဲ့ စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်မှာ စစ်တပ်က နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ရာ မင်းပ‌‌လောင်ရွာခံတွေဟာ ရွာပြင်မှာ ခက်ခက်ခဲခဲ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

“တစ်ရွာလုံး ရွာအပြင်မှာပဲ နေထိုင်နေရဆဲပါဗျ။ ဆေးဝါးတွေ လိုအပ်ပါတယ်။ နေအိမ်တွေ ပြန်လည် မထူထောင်နိုင်သေးပါဘူးဗျ။ တောထဲမှာဘဲ တဲဆောက်ပြီး နေ နေကြတာ။ တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပေးကြဖို့ ပြောချင်ပါတယ်”

မင်းပလောင်ရွာခံတွေ စားသောက်ရေး၊ နေထိုင်ရေး ခက်ခဲနေပြီး ဓနုအမျိုးသားကာကွယ်ရေးတပ်- DSNDF/DSNDA က လည်း မင်းပလောင်ရွာခံတွေကို မုန့်ဟင်းခါးကျွေးမွေးကာ မိုးကာ အထည် ၄၀၊ ဆန် ၁၀ တင်းနဲ့ နွေစပါး စိုက်ပျိုးဖို့ မျိုးစပါး တင်း ၅၀ ကျော်ကို ခက်ခက်ခဲခဲ သယ်ယူကာ ကူညီပေးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေရဲ့ လိုအပ်ချက် ထပ်မံ ရှိ‌နေသေးတာကြောင့် တခြားဒေသက လူထုအနေနဲ့ DSNDA Page ကနေ ဆက်သွယ်ပြီး ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံလိုတယ်လို့ ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။