ဓာတ်ပုံ – CJ

လွေးထွေး၊ မတ်လ ၁၆ ရက်၊ ပြင်ဦးလွင်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ကြားမှာ နောက်ထပ်အမျိုးသားတစ်ဦး ထပ်မံပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက် ‌မနက်မှာ လားရှိုးမြို့ကို လာဖို့ ဆိုင်ကယ်နဲ့ ပြင်ဦးလွင်မြို့ကနေ ထွက်လာပြီးနောက် ညနေ ၄ နာရီ ဝန်းကျင်မှာ နောက်ဆုံးဖုန်းအဆက်အသွယ်ရခဲ့တာလို့ ဇနီးဖြစ်သူက ဆိုပါတယ်။

မိသားစုဝင်တစ်ဦးက “ဆိုင်ကယ်နဲ့ထွက်သွားတာ။ တစ်ယောက်ထဲဘဲ။ လမ်းရောက်တော့ သူ့မိန်းမကို ဖုန်းပြန်ဆက်လာတယ်။ ဆိုင်ကယ် ၃ စီးတောင် အဖော်ရှိတယ်။ နောင်ချိုရောက်ခါနီးပြီတဲ့။ အဲည ၁၂ နာရီလောက်မှာ သူ့အကောင့်က မီးစိမ်းတယ်။ စကားပြောတော့ စာပြန်ပို့လာတယ် ။ စာလုံးပေါင်း မမှန်နေဘူး။ အဲဒါပြီးတော့ ဆက်သွယ်လို့ကို မရတော့ဘူး။ လားရှိုးလည်းမရောက်ဘူး” လို့ ပြောပါတယ်။

လားရှိုးဇာတိဖြစ်တဲ့ ၎င်းအမျိုးသားဟာ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ စောလွယ်စေးဆိုသူဖြစ်ပြီး မတ်လ ၆ ရက်ကနေ ဒီနေ့ မတ်လ ၁၆ ရက်အထိ အဆက်အသွယ် ပြတ်တောက်သွားတာကြောင့် မိသားစုဝင်တွေက စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကလည်း မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းမြောက် နောင်ချိုမြို့ကြားက ဝက်ဝံဂိတ်အနီးမှာ နမ္မတူမြို့က အမျိုးသားတစ်ဦး ပျောက်ဆုံးသွားခဲ့ပြီး မတ်လ ၁၃ ရက်မှာ နေအိမ်သို့ ပြန်ရောက်လာခဲ့ပါတယ်။

လတ်တလောအတွင်း ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း မြေပြင်ကနေ ထိုးစစ်ဆင်နေတာကြောင့် လမ်းမှာ TNLA နဲ့ တော်လှန်ရေးတပ်တွေက စစ်ဆေးမှုတင်းကြပ်နေတယ်လို့ ခရီးသည်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။