မိုင်းဖိူမ်းဆငဲ၊ နိုဝင်ဘာ ၂၇ ရက်၊ ကျောက်မဲ

ရှမ်းမြောက် ကျောက်မဲမြို့ ရက်ကွက် (၇) မှာ နေထိုင်တဲ့ ကိုရဲအောင်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ချိတ်ပိတ်ခဲ့ပြီး သူ့ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကိုကျော်ရဲအောင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်ကတည်းက ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး မနေ့ နိုဝင်ဘာလ ၂၆ ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

“အရင်က ရာအိမ်မှူးဖြစ်ခဲ့ဖူးသူပါ။ တအာင်းစစ်တပ် အုပ်ချုပ်တုန်းကလည်း ဒလန်ထင်ပြီး ဖမ်းဆီးခံခဲ့ဖူးသူပါ။ လေဖြတ်ထားလို့ ပျောက်တာ မကြာသေးပါဘူး။ အခုလည်း စစ်တပ်ပြန်ဖမ်းဆီးခြင်း ခံရသူပါ”

တအာင်း၊ ဗမာ ကပြားဖြစ်တဲ့ ကိုရဲအောင်ဟာ အသက် ၄၀ ကျော်အရွယ်ရှိသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်က ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း ဒေသခံတွေကို တအာင်းတပ် TNLA အပြင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကလည်း ကျောက်မဲမြို့ပြင်က ဆိုင်ကယ်ပစ္စည်းဆိုင်မှ ဂေါ်ရခါးလူမျိုး ကိုရာဂျန်းဆိုသူကို အလားတူ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားခဲ့သလို နိုဝင်ဘာ ၁၃ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ကျောက်မဲမြို့ နယ်မြေ (၃) ထဲမှာ နေထိုင်တဲ့ အသက် ၅၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။