ယာရူစိင်၊ စက်တင်ဘာ ၆ ရက်၊ မူဆယ်
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင်မှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ စက်တင်ဘာလ ၆ ရက်မှာ မိုင်းယု (၁၀၅) မိုင် နယ်မြေ (၂) ရှိ လိုင်းခန်းတစ်ခုရှေ့မှာ သေဆုံးနေတဲ့ အသက် ၅၅ နှစ်ဝန်းကျင် အမျိုးသားအလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
“အလောင်းက အနံ့တောင် ထွက်နေပြီ။ သူ့နာမည်က ဦးစိုးမြင့်တဲ့။ သူက ဒီနယ်က မဟုတ်ဘူး။ ဧည့်စာရင်းမှာ သူ့နာမည်ကို တွေ့လို့။ သူက အရက်သမားလို့တော့ ကြားတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ အမျိုးသားအလောင်းကို ပါရမီလူမှုကူညီရေးအသင်းက သွားရောက် သယ်ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်ကလည်း မူဆယ်မြို့ ဟိုနားရပ်ကွက် ကားလေးကွင်း အနောက်လမ်းက အမှိုက်ပစ်တဲ့နေရာမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းကို တွေ့ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။