ဓာတ်ပုံ- TNLA

ရွှေဖီမြေ၊ စက်တင်ဘာ ၂၆ ရက်၊ ကျောက်မဲ

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အနီး ပါပုတ်ကျေးရွာထဲ စစ်ကောင်စီတပ်က ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်က ဒီနေ့ စက်တင်ဘာ ၂၆ ရက် မနက် ၁၁ နာရီခွဲက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ကျောက်မဲမြို့မြောက်ဘက်ရှိ ပါပုတ်ရွာထဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

စစ်တပ်ဟာ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တာ အောင်မြင်နိုင်ဖို့အတွက် ကစထ ၂ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနေရာကို ကစထ ၅ ဒုဗိုလ်ချုပ်ကြီး ဇော်မင်းလတ်ကို စစ်ဆင်ရေး ကွပ်ကဲဖို့ အစားထိုး ခန့်အပ်ခဲ့ပါတယ်။

ကစထ ၅ က ဇော်မင်းလတ်ကို အစားထိုး ခန့်အပ်လိုက်ပြီးတဲ့ မကြာခင်မှာပဲ နားအိုက်ခန့်ရွာထဲ Y-12 နဲ့ ဗုံးသီးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

မနေ့ စက်တင်ဘာ ၂၅ ရက် ညပိုင်းမှာလည်း စခန်းသာရွာတစ်ဝိုက်မှာ လေကြောင်းကနေ Y-12 နဲ့ ဗုံးအလုံးရေ ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့မှာလည်း စခန်းသာရွာကိုရောက်ဖို့ စစ်တပ်ဖက်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

လက်ရှိအချိန်ထိ စခန်းသာရွာအနီးဝန်းကျင်မှာ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနိုင်လို့ မြို့ခံလူထုတွေအနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့ စစ်ရေး ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။