ဓာတ်ပုံ – Local

သူတော်စိန်၊ မတ်လ ၉ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ပြည့်တန်ဆာလုပ်ငန်းကို ဖွင့်လှစ်ထားတဲ့ အဆောက်အဦး ၃၉ လုံးက လိုင်းကြေးပေးပြီး လွတ်လွတ်လပ်လပ် ဖွင့်ခွင့်ရနေတဲ့အပြင် ပြည်သူ့စစ်ပိုင် တိုက်ခန်းတွေမှာလည်း ပြည့်တန်ဆာ လုပ်ငန်းကို ဖွင့်လှစ် လုပ်ကိုင်နေကြပြီး လိုင်း‌ကြေးပေးစရာမလိုဘဲ ကင်းလွတ်ခွင့်ရနေကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြည့်တန်ဆာအိမ် ၃၉ လုံးဟာ ကောင်းမူးလွယ်၊ ဟိုနား၊ စွမ်စော၊ ဆင်ဖြူဈေးနဲ့ ကားကြီးဝန်းမှာ အများဆုံးရှိပြီး လိုင်းကြေးအနေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက စာရွက်စာတန်းကြေး အမည်တပ်ပြီး တစ်လ ၁၀ သိန်းနဲ့ အပိုင်နယ်ထိန်းကို တစ်လ ၁၅ သိန်း‌ပေးနေရတယ်လို့ ရွှေဖီမြေရဲ့ သတင်းအရင်းမြစ်က ဆိုပါတယ်။

၎င်းပြည်သူ့စစ်ပိုင် တိုက်ခန်းမှ ပြည့်တန်ဆာ လုပ်ငန်းတွေက လိုင်းကြေးပေးစရာမလိုပေမယ့် နယ်ထိန်းတွေကို တစ်ည တစ်ခန်းတစ်ယောက်နှုန်းနဲ့ ပေးဆောင်နေရတာမျိုးရှိနေတယ်လို့ ဆိုပါတယ်။

“အရင်က ၅သိန်း ဆရာအောင်ကိုတို့ကို ပေးရတယ် ခုမပေးရတော့ဘူး။ မပေးရပေမဲ့ ညဆို တစ်ခန်းတစ်ယောက်နူန်း နယ်ထိန်းက လာခေါ်တာမျိုးတော့ရှိတယ်။ ကျားဖြန့်က တရုတ်တွေအတွက် ခေါ်ပေးတာတဲ့ တရုတ်က အဲနယ်ထိန်းကို တရုတ်ငွေ ၄၊ ၅ ထောင် ပေးတယ်လို့ ကလေးမတွေ ပြန်ပြောလို့သိရတာ” လို့ ပြည်တန်ဆာပိုင်ရှင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီ ပြည့်တန်ဆာရုံဟာ မူဆယ်မြို့ ဆင်ဖြူဈေးရှိ ပြည်သူ့စစ်ပိုင် ၁၀ ပေနဲ့ ၂၅ ပေ ဝန်းကျင်ရှိ အခန်းတစ်ခန်းကို အမျိုးသမီး ၃၀ ဦး ဝန်းကျင်က ပြည့်တန်ဆာ အလုပ်ကို လုပ်ကိုင်နေကြပါတယ်။

ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူ အများစုဟာ ပွဲစားအဆက်အသွယ်ကနေတစ်ဆင့် တရုတ်ပြည်ဘက်ကို အလုပ်လုပ်ကိုင်ဖို့ လာကြပေမယ့် ဝင်မရဘဲ နေရပ်ကို ပြန်စရိတ်မရှိတာကြောင့် ဝင်ရောက်လုပ်ကိုင်ကြသူ ဖြစ်တယ်လို့ ဆိုပါတယ်။

“လဝကရဲ့ အရာရှိမိန်းမက အမြန်ရချင်ရင် တရုတ်ငွေ (၁၅,၀၀၀) ပေးရမယ်တဲ့ သမီးလည်း အမြန်ရချင်လို့ ပေးလိုက်တာ။ (၃)လလောက်ကြာတော့ ဘယ်သူ့ကိုမှ မတွေ့တော့ဘူး။ အထဲလည်း ပေးမဝင်လို့ အကျိုးအကြောင်း ပြောပြတာကို အော်ပြီး မောင်းထုတ်ခဲ့တယ်။ သမီးလည်း ဘာလုပ်ရမှန်းမသိတော့ဘူး အိမ်လည်း မပြန်ရဲလို့ ဒီအလုပ်ကို လုပ်လိုက်ရတာ” လို့ မိုးကုတ်မြို့နယ်က မနန်းခေါင်(အမည်လွဲ) ဆိုသူက ပြောပါတယ်။

ပြည့်တန်ဆာအလုပ်လုပ်သူ‌တွေရဲ့ မှတ်ပုံတင်တွေကို ခေါင်းဆောင်က သိမ်းယူထားပြီး အနည်းဆုံး ၃ လ လုပ်ကိုင်ရမယ်လို့ပြောပြီး ထွက်ပြေးပါက တာဝန်ခံပြည်သူ့စစ်က ဖမ်းဆီးရိုက်နှက်တဲ့အပြင် တချို့ကို သတ်ပစ်တာတွေလည်း ရှိတယ်လို့ စုံစမ်းသိရှိရပေမယ့် ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

“ခန္ဓာကိုယ်ရင်းပြီး လုပ်စားတာတောင် ရဲတွေကမူးလာရင် သမီးတို့ကို ငွေမပေးဘဲ ခေါ်တတ်ကြတယ်။ အထူးသဖြင့် စွမ်စောရဲကင်းနဲ့ နယ်ထိန်းတွေပေါ့” လို့ ပြည်တန်ဆာအလုပ် လုပ်နေတဲ့ မိန်းကလေးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလ ၁၈ ရက်ကလည်း ပြည့်တန်ဆာရုံမှ ထွက်ပြေးလာတဲ့ အသက် ၂၄ နှစ် အရွယ် မအေးအေးအောင်ဆိုသူကို နယ်ထိန်းက ကူညီမယ်ပြောပြီး ပြည်သူ့စစ်လက်ထဲကို ပြန်အပ်လိုက်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

မူဆယ်မြို့မှာ စစ်ကောင်စီတပ်အပြင် ပြည်သူ့စစ်ပေါင်းစုံလည်းရှိနေသလို မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်း၊ ပြည့်တန်ဆာရုံ တွေလည်း များပြားလွန်းတာကြောင့် မကြာခဏ ခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှုနဲ့ ပြန်ပေးစွဲမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။