ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ နောင်ချို

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ရေးအရှိန် လျှော့ချဖို့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက် မနက်ကနေစပြီး နောင်ချိုမြို့နယ် နားရှိုးရွာထဲ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တိုက်ပွဲက မနက်ကတည်း ဖြစ်နေတာ။ နားရှိုးရွာထဲမှာ ဖြစ်နေတာ။ စစ်ကောင်စီတွေ ထိုးလာလို့ ဖြစ်တာ။ မနက်မှာ လေယာဥ်နဲ့ ဗုံး ၃ လုံး လာကြဲသွားတယ်”

နားရှိုး တိုက်ပွဲမှာ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် အကျအဆုံး များပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၇ ရက် ည ၈ နာရီခွဲမှာလည်း TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူ-ကွတ်ခိုင်အစပ်ရှိ မန်ဆာရွာအနီးတစ်ဝိုက် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကစပြီး တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်တပ်နဲ့ TNLA အကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ဆွေးနွေးမှု ရလဒ်ကိုတော့ မသိရသေးပါဘူး။

စစ်တပ်နဲ့ TNLA ကတော့ တွေ့ဆုံဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်ပြီး တစ်စုံတရာ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။