ဓာတ်ပုံ- လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

မိုင်းရူပ၊ ဇန်နဝါရီ ၂၁ ရက်၊ လားရှိုး

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်- MNDAA တို့အကြား အပစ်ရပ်တာ မှန်ပေမဲ့ ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကနေ ပြန်ဆုတ်မှာ မဟုတ်ဘူးလို့ လားရှိုး ပြန်လည်ထူထောင်ရေး တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၂၀ ရက်မှာ ကိုးကန့်တပ်နဲ့ စစ်တပ်တို့အကြား အပစ်ရပ်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောကြားလိုက်ပြီးနောက်ပိုင်း ကိုးကန့်တပ်အနေနဲ့ လားရှိုးကနေ ပြန်ဆုတ်ရမယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

“လားရှိုးမှာ အေးဆေးပါပဲ။ ပုံမှန်အတိုင်းပဲ လည်ပတ်နေပါတယ်။ ကျနော်တို့ သိသလောက်တော့ လားရှိုး ပြန်မပေးပါဘူး။ အပစ်ရပ်တာတော့ မှန်ပါတယ်” လို့ လားရှိုးပြန်လည်ထူထောင်ရေးရဲ့ တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးဒေသခံတစ်ဦးကလည်း လက်ရှိ လားရှိုးမြို့မှာ အုပ်ချုပ်ရေးယန္တရား ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

“အုပ်ချုပ်ရေးက ပုံမှန်ပဲ လည်ပတ်နေတယ်။ တရုတ်နှစ်သစ်ကူး လုပ်ဖို့တောင် စီစဥ်နေကြတယ်”

ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ကိုးကန့်တပ်နဲ့ စစ်တပ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေဆုံခဲ့ရာ ဇန်နဝါရီ ၁၈ ရက်ကစ အပစ်ရပ်ဖို့ သဘောတူခဲ့ကြတာဖြစ်ပြီး ဆွေးနွေးမှု အသေးစိတ်ကိုတော့ မော်နင်းက ထည့်သွင်းပြောကြားတာ မရှိပါဘူး။

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ကြတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ကိုးကန့်ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့အကြား အပစ်ရပ်ဖို့ သဘောတူပြီးနောက်ပိုင်း ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်နဲ့ ရန်လုံကျိုင်း နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်ခဲ့သလို ကိုးကန့်တပ်နဲ့ ဝတပ်ဖွဲ့- UWSA အကြား ကုန်စည်သယ်ယူခွင့်ကိုလည်း ပြန်လည် ခွင့်ပြုပြီလို့ UWSA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ကိုတော့ MNDAA နဲ့ ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။