ပုံစာ- မတ်လ ၁၆ ရက်က ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်

မိုင်းရူပ၊ မတ်လ ၂၆ ရက်၊ နောင်ချို

စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ပြင်းထန်နေတဲ့ နောင်ချိုမြို့နယ် အုမ္မတီးရွာအနီးရှိ သုံးဆယ်ရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ ၂၆ ရက် ည ၆ နာရီခွဲဝန်းကျင်မှာ စစ်တပ်က အုမ္မခါး၊ သုံးဆယ်နဲ့ ရွှေညောင်ပင်ရွာတွေကို ဂျက်ဖိုက်တာ ၂ စီး အသုံးပြုပြီး ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

မြေပြင်အခြေအနေ သိရှိသူတစ်ဦးက “လေယာဉ် ၂ စီးနဲ့ လာကြဲတာ။ အုမ္မခါးမှာ ၂ လုံး၊ သုံးဆယ်မှာ ၂ လုံး၊ ရွှေညောင်ပင်မှာ ၁ လုံး စုစုပေါင်း ဗုံး ၅ လုံး လာကြဲတာ။ သုံးဆယ်ရွာက အရပ်သား ၄ ဦး ဆုံးသွာတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အရပ်သားတွေရဲ့ အသေးစိတ် အချက်အလက်ကိုတော့ ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ တောင်ရပ်ကွက်ကို Y-12 လေယာဉ် အသုံးပြုပြီး တိုက်ခိုက်ခဲ့သလို ဟောင်ဝစ်ဇာ လက်နက်ကြီး အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါအပြင် မတ်လ ၁၆ ရက် ညနေပိုင်းမှာ နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင်အပါအဝင် သေဆုံးသူ ၁၀ ဦးနဲ့ ဒဏ်ရာရသူ ၁၈ ဦး ရှိခဲ့ပါတယ်။

နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ အုမ္မတီးရွာအနီးတစ်ဝိုက်မှာတော့ စစ်တပ်က TNLA တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။