ဓာတ်ပုံ- CJ

ပျားကြီး၊ မတ်လ ၁၂ ရက်၊ ပေါက်

မကွေးတိုင်း ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramoter)နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကျောင်းသူတစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ မတ်လ ၁၁ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်က ပုသိမ်-မုံရွာ ကားလမ်းမပေါ်မှာရှိတဲ့ ထောက်ရှာပင်ရွာကို စက်တပ်လေထီး ၂ စီးနဲ့ ဗုံး ၃ လုံးထက်မနည်း ကြဲချခဲ့ပြီး စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ကျောင်းဘေးနားက အရင် စစ်ကြောင်း ထိုးတုန်းက မီးရှို့ခံလိုက်ရတဲ့ အိမ်ပေါ် ကျတာ။ အဲဒီအိမ်ဘေးက အမျိုးသမီးတစ်ဦး ဆုံးသွားတယ်။ ကျောင်းဆင်းချိန်ဆိုတော့ ကလေးတွေလည်း နီးရာစပ်ရာ ပြေးကြရတာပေါ့။ ကျောင်းသူတစ်ဦးတော့ ထိတယ်။ အရမ်းကြီးတော့ မစိုးရိမ်ရပါဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထောက်ရှာပင်ရွာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းက စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး လက်ရှိအချိန်ထိ မီးရှို့ခံထားရတဲ့ နေအိမ်အများစုက အသစ် ပြန်မဆောက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။

လက်ရှိအချိန်မှာ ထောက်ရှာပင်ရွာအပါအဝင် အနီးအနား ကျေးရွာက ဒေသခံတွေဟာ လေကြောင်း တိုက်ခိုက်မှုကြောင့် စိုးရိမ်ထိတ်လန့်မှု ရှိနေပြီး ကျယ်လောင်တဲ့စက်သံ ကြားတဲ့အခါမှာ ထွက်ပြေးပုန်းအောင်းမှု ရှိလာတဲ့အထိ ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။