ပို့လဘား၊ အောက်တိုဘာ ၂၀ ရက်၊ မိုင်းငေါ့

တအာင်းတပ် ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၀ ရက် ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က မိုင်းငေါ့မြို့ထဲကို လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

” ဈေးတန်းမှာ ၂ လုံးလာချတာ။ တစ်လုံးက မကွဲဘူး။ တစ်လုံးကကွဲပြီး မီးလောင်နေတာ။ မကွဲတဲ့တစ်လုံးကို မီးကပြန်စားတော့ ထပ်ကွဲတယ်။ လူထိခိုက်ရှိမရှိတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက် သေဆုံးတာတွေ ရှိမရှိကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ နေ့လည် ၁ နာရီဝန်းကျင်ကစပြီး တအာင်းတပ်ထိန်းချုပ်ထားတဲ့ မန်တုံ၊ နမ့်ဆန်၊ မိုင်းငေါ့နဲ့ မိုးကုတ်မြို့တွေကို နာရီပိုင်းအတွင်း တစ်ပြိုင်နက် ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တအာင်းတပ်ထိန်းချုပ်ထားတဲ့ဒေသမှာ ၃ ပတ်အတွင်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ၂၇ ကြိမ်ပြုလုပ်ခဲ့ပြီး သေဆုံးသူ ၄၀ နီးပါးနဲ့ ဒဏ်ရာရသူ ၄၀ ကျော်အထိ ရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။