ပို့လဘား၊ ဇူလိုင် ၁၃ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲခဲ့တာကြောင့် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၁၃ ရက် မနက် ၆ နာရီဝန်းကျင်မှာ ကျောက်မဲမြို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
“၄ လုံး လာချတယ်။ ၃ လုံးက ပိန္နဲကုန်းမှာ ကျတယ်။ အမှတ် ၁၃ အ.မ.က ကျောင်းဘက်က ၁ လုံးကျတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၇ လုံးလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက် မနက် ၃ နာရီကလည်း ကျောက်မဲမြို့ကို လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ရှောင်တစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။