ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ နောင်ချို

တရုတ်နိုင်ငံက ဆွေးနွေးပွဲ ပျက်ပြယ်သွားပြီးနောက် တအာင်းတပ် ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ထပ်မံ ကြဲချခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက် ၈ နာရီ ၁၅ မိနစ်ခန့်မှာ ကြဲချခဲ့တာဖြစ်ပြီး ပြည်သူ့ဆေးရုံနဲ့ ရဲစခန်းကို အဓိက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ဆေးရုံက တစ်လုံး ထိတယ်။ နောက်တစ်လုံးကတော့ ရဲစခန်းကို ကြဲတာ။ ဆေးရုံမှာတော့ အထိအခိုက်တွေ ရှိနိုင်တယ်။ စာရင်းအတိအကျ မသိရသေးဘူ” လို့ နောင်ချိုရှိ သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်ကောင်စီနဲ့ ၂ ရက်တာ ဆွေးနွေးပွဲမှာ ဆက်လက် ဆွေးနွေးဖို့ အခက်အခဲ ဖြစ်လာတာကြောင့် ရပ်တန့်သွားခဲ့ပြီး နောက်တစ်ကြိမ် ပြန်လည် တွေ့ဆုံဖို့သာ သဘောတူညီခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲ လုပ်နေစဉ် ဖေဖော်ဝါရီ ၁၇ ရက်မှာလည်း နောင်ချိုနဲ့ နမ္မတူမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။