ဓာတ်ပုံ – SPM

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ တရုတ်နှစ်သစ်ကူးပွဲပြီးရင် လောင်းကစားဝိုင်းတွေကို ပြန်လည်တင်းကြပ်မယ်လို့ MNDAA ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

လားရှိုးမှာ တရုတ်နှစ်သစ်ကူးပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးအပတ်ကနေ စတင်ကျင်းပခဲ့ရာ ဇန်နဝါရီ ၂၀ ရက်အထိ ၁ လကြာ ကျင်းပမှာဖြစ်ပြီး လောင်းကစားဝိုင်းတွေလည်း ဖွင့်လှစ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။

“ပိတ်မယ်လို့တော့ မဟုတ်ဘူး။ ပြန်လည် စီစစ်မယ်။ စည်းကမ်း ပြန်လည် တင်းကြပ်မယ်ပေါ့။ လက်ရှိတော့ မဟုတ်ပေမဲ့ နိုင်ငံတကာ ဥပဒေနဲ့အညီ လုပ်သွားဖို့ ရှိတယ်” လို့ MNDAA ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ လောင်းကစားဝိုင်း ပေါ်တင် ဖွင့်လှစ်နေပြီး လမ်းဘေးမှာ ၂ လုံး၊ ၃ လုံး ချဲတွေကိုလည်း ပေါ်တင် ရောင်းချတာတွေရှိနေပြီး ခိုးဆိုးလုယက်မှု ပြန်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“ပွဲက ၂၀ ရက်နေ့အထိလေ။ ဒါတောင် ပွဲက ဆက်စည်နေရင် ရက် ထပ်တိုးမယ်လို့ ပွဲမတိုင်ခင်ကတည်းက ပြောတာရှိတယ်။ လူတိုင်း စိုးရိမ်နေပါတယ်။ အခုတလော ခိုးမှုတွေတော့ ရှိပေမဲ့ အရင်တုန်းကလို အဆိုးဝါးကြီးတော့ မဟုတ်ဘူး” လို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၃ ရက်မှာ MNDAA နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး MNDAA က စီမံအုပ်ချုပ်နေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။