ဓာတ်ပုံ – SPM

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ တရုတ်နှစ်သစ်ကူးပွဲပြီးရင် လောင်းကစားဝိုင်းတွေကို ပြန်လည်တင်းကြပ်မယ်လို့ MNDAA ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

လားရှိုးမှာ တရုတ်နှစ်သစ်ကူးပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးအပတ်ကနေ စတင်ကျင်းပခဲ့ရာ ဇန်နဝါရီ ၂၀ ရက်အထိ ၁ လကြာ ကျင်းပမှာဖြစ်ပြီး လောင်းကစားဝိုင်းတွေလည်း ဖွင့်လှစ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။

“ပိတ်မယ်လို့တော့ မဟုတ်ဘူး။ ပြန်လည် စီစစ်မယ်။ စည်းကမ်း ပြန်လည် တင်းကြပ်မယ်ပေါ့။ လက်ရှိတော့ မဟုတ်ပေမဲ့ နိုင်ငံတကာ ဥပဒေနဲ့အညီ လုပ်သွားဖို့ ရှိတယ်” လို့ MNDAA ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ လောင်းကစားဝိုင်း ပေါ်တင် ဖွင့်လှစ်နေပြီး လမ်းဘေးမှာ ၂ လုံး၊ ၃ လုံး ချဲတွေကိုလည်း ပေါ်တင် ရောင်းချတာတွေရှိနေပြီး ခိုးဆိုးလုယက်မှု ပြန်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“ပွဲက ၂၀ ရက်နေ့အထိလေ။ ဒါတောင် ပွဲက ဆက်စည်နေရင် ရက် ထပ်တိုးမယ်လို့ ပွဲမတိုင်ခင်ကတည်းက ပြောတာရှိတယ်။ လူတိုင်း စိုးရိမ်နေပါတယ်။ အခုတလော ခိုးမှုတွေတော့ ရှိပေမဲ့ အရင်တုန်းကလို အဆိုးဝါးကြီးတော့ မဟုတ်ဘူး” လို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၃ ရက်မှာ MNDAA နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး MNDAA က စီမံအုပ်ချုပ်နေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။