ဓာတ်ပုံ – CJ

လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၂၆ ရက်၊ လောက်ကိုင်

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်(MNDAA)တို့ အပစ်ရပ်ပြီးနောက်ပိုင်း MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့နယ်ကဒေသခံအများစုဟာ နေရပ်ပြန်လာကြပြီလို့ စုံစမ်းသိရပါတယ်။

MNDAA နဲ့ စစ်ကောင်စီတပ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကစပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့​တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့လေကြောင်းရန်ကြောင့် ဝပြည်ဘက်ကို စစ်ရှောင်သွားတဲ့ လောက်ကိုင်က ဒေသခံတွေလည်း အပစ်ရပ်ပြီးနောက် မြို့ထဲပြန်ဝင်လာတယ်လို့ ကွတ်ခိုင် – လောက်ကိုင် ကားပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။

“အပစ်မရပ်ခင်ကဆို လောက်ကိုင်မြို့ထဲ လူမရှိဘူး။ အပစ်ရပ်ပြီးတဲ့နောက်မှ လူတွေပြန်စည်လာတယ်။ အရင်တုန်းကဆို လေယာဥ်ခဏခဏလာကြဲတော့ ဝပြည် နမ့်တစ်ဘက် ​သွားနေကြတာလေ။ အခုတော့ ကိုယ့်အိမ်မှာ ကိုယ်ပြန်နေရဲကြပြီ”လို့ ဆိုပါတယ်။

လက်ရှိလောက်ကိုင်မြို့ထဲမှာ MNDAA တပ်ရဲ့ အုပ်ချုပ်ရေးယန္တယားတွေ လည်ပတ်နေပြီး မြို့ထဲက စျေးဆိုင်ခန်းတချို့လည်း ပြန်ဖွင့်နေပြီလို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

“ဆိုင်တွေဘာတွေတော့ ပြန်ဖွင့်နေကြပြီ။ ကုမ္ပဏီတွေတော့ ပြန်မဖွင့်သေးဘူး။ လမ်းတွေဘာတွေလည်း အကုန်ပြန်ပြင်ပြီးပြီ။ တိုက်ပွဲအတွင်းလက်နက်ကြီးထိထားတဲ့ ကုမ္ပဏီတွေ ဘာတွေကြတော့ ဘာမှမလုပ်ဘူး။ ဗမာကျောင်းတွေ ဘာတွေတော့ ဖွင့်တာမတွေ့သေးဘူး။ တရုတ်ကျောင်းတော့ဖွင့်ထားကြတယ်”

၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ကိုးကန့်တပ်က ရှမ်းမြောက် လားရှိုး၊ သိန္နီ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ ဖောင်းဆိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း) စတဲ့မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ အပစ်ရပ်သဘောတူထားပေမယ့် သဘောတူထားခဲ့တဲ့ အချက်အလတ်အသေးစိတ်ကိုတော့ တစ်ဖက်ကမှ ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။