မိုင်းပန်ပျော်၊ ဇန်နဝါရီ ၂၃ ရက်၊ လားရှိုး

စစ်ကောင်စီတပ်နဲ့ MNDAA အပစ်ရပ်ပြီးနောက် ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကနေ စစ်ရှောင်သွားတဲ့ ဒေသခံတချို့ နေရပ်သို့ ပြန်လာကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် ဆွေးနွေးပွဲအပြီး အပစ်ရပ်ကြောင်း ပြောဆိုချက် ထွက်​ပေါ်လာပြီးနောက် လားရှိုးမြို့ခံ ထက်ဝက်ကျော် နေရပ်သို့ ပြန်လာကြပြီလို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သုံးပုံ နှစ်ပုံလောက်တော့ ပြန်လာကြပြီ။ အစကတည်းက ရှိနေတာပါ။ ဒီနောက်ပိုင်းလည်း ပြန်ဝင်လာကြပါတယ်”

နောက်ထပ် အမျိုးသားတစ်ဦးကလည်း လားရှိုးဒေသခံတချို့က လေကြောင်းရန် ကြောက်ကြတာနဲ့ MNDAA တပ်ထဲ စစ်သားအဖြစ် စုဆောင်းခံရမှာကို စိုးရိမ်လို့ နေရပ်သို့ ပြန်မလာသေးသူ ရှိနေသေးတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

“တချို့လည်း ကြောက်ကြတာပေါ့ အဲဒီလေကြောင်းရန်ကို။ အခုတလော လာမကြဲပေမဲ့ ကြောက်နေတဲ့လူတွေလည်း ရှိသေးတယ်။ တချို့လည်း သူများတွေက ခဏခဏ စာရင်း လာကောက်တယ် ဘာစာရင်း ကောက်တာလဲ မသိဘူး။ တခါတလေလည်း သန်းခေါင်စာရင်းတွေ ပြောလိုက်။ အဲလိုကောက်တော့ စစ်သား လုပ်ရမှာ ကြောက်ကြတာ တချို့လည်း မလာကြသေးဘူး အမျိုးမျိုး ကြားရတယ်”

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဒေသခံအများစုဟာ တောင်ကြီး၊ ပြင်ဦးလွင်၊ မန္တလေးနဲ့ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။