ခိုင်လေး၊ ဧပြီ ၆ ရက်၊ မူဆယ်

‎ရှမ်းမြောက် ကွတ်ခိုင်မြို့ မိုင်းယုလေးအုပ်စု လွယ်ပေါင်းရွာက အသက် ၁၇ နှစ်အရွယ် အေကီခေါ် မိမိခိုင်ဆိုသူဟာ နမ့်ဖတ်ကာကနေတဆင့် မူဆယ်မြို့ဘက် အလုပ် သွားလုပ်ရင်း ပျောက်ဆုံးသွားတယ်လို့ မိသားစုဝင် အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး ဒီနေ့အထိ အိမ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတာဖြစ်ပြီး မူဆယ်မြို့မှာ အိမ်ကူအလုပ် လုပ်ဖို့ သွားတာလို့ ဆိုပါတယ်။

“သူ့သူငယ်ချင်းတွေနဲ့ နမ့်ဖတ်ကာကနေ မူဆယ်ကို သွားတာ။ မူဆယ်ရောက်တော့ သူများအိမ်မှာဘဲ ကလေးထိန်း အိမ်အလုပ် လုပ်နေတာ။ သူ့ရဲ့ သူငယ်ချင်းတွေက တရုတ်ပြည်ဘက်ကို တက်သွားတာ။ သူက လိုက်မတက်ဘူး။ သူ့ရဲ့ သူငယ်ချင်းတွေကို တရုတ်ပြည်မှာ တရုတ်ရဲတွေ ဖမ်းမိတော့ မြန်မာပြည်ထဲ ပြန်ပို့တာ သူတို့က မိမိခိုင် နေတဲ့အိမ်ကိုသွားတော့ သူ့ကို မတွေ့တော့ဘူး။ အိမ်ပိုင်ရှင်ကိုမေးတော့ သူက ထွက်ပြေးသွားပြီဘဲ ပြောနေတာ”

‎တရုတ်ကနေ ပြန်လာတဲ့ မိမိခိုင်ရဲ့ သူငယ်ချင်းနှစ်ဦး ပြောပြချက်အရသာ သူမ ပျောက်ဆုံးသွားတာကို သိလိုက်ရတာလို့ ဆိုပါတယ်။

‎မူဆယ်မှာ ပွဲစားတစ်ဦးက အမျိုးသမီးငယ် ၃ ဦးကို ဖုန်းအသစ်တစ်လုံးစီ ဝယ်ပေးပြီး မှတ်ပုံတင်အတု လုပ်ပေးကာ တရုတ်ဘက် ပို့ပေးပြီး‌ ရောင်းစားဖို့ လုပ်နေတာလို့ နောက်ထပ် မူဆယ်မြို့ခံ အမျိုးသားတစ်ဦးကတော့ ရွှေဖီမြေကို ပြောပါတယ်။

‎”အဲပွဲစားက မှတ်ပုံတင်အတု လုပ်ပေးပြီး တရုတ်ပြည်ထဲ ရောင်းစားဖို့ လုပ်နေတာနဲ့ တူတယ်။ အဲပွဲစားကလည်း ပလောင်ဘဲ သူ့ကို ဖုန်းဆက်တာ မူဆယ်မှာ ပြောလိုက်နဲ့ ပြီးတော့ နမ့်ခမ်းမှာ ကယ်ရီ ဆွဲနေတယ်‌ ပြောလိုက်နဲ့ ပြီးတော့ နမ့်ဆန်မှာတဲ့ လျှောက်ပတ်ပြီး ပြောနေတာ။ ကျနော်တို့လည်း သူ့အချက်အလက်ကို လိုက်စုံစမ်းနေတုန်းဘဲ။ သူ့ရဲ့ မှတ်ပုံတင် ကိုယ်ရေးအချက်အလက်တွေရဖို့ သူနေခဲ့တဲ့နေရာမှာ သွားစုံစမ်းကြည့်အုံးမယ်”

‎ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်က နမ့်ခမ်းမြို့ မိုင်းဝီးဘက်က အမျိုးသမီးတစ်ဦး မူဆယ်မြို့ဘက် အလုပ် လုပ်ဖို့ သွားရာကနေ မိသားစုဝင်နဲ့ ၂ လ ကျော် ကြာတဲ့အထိ အဆက်အသွယ် ပြတ်တောက်ခဲ့ဖူးပါတယ်။

ရှမ်းမြောက်နဲ့ တခြားဒေသက လူငယ်တွေဟာ မူဆယ်မြို့နဲ့ တရုတ်နိုင်ငံဘက် အလုပ် လုပ်ဖို့ သွားရာကနေ ပွဲစားတချို့ရဲ့ လိမ်လည်မှုကို ခံရပြီး လူကုန်ကူးခံရတာ၊ အတင်းအဓမ္မ အလုပ် လုပ်ခိုင်းတာတွေ မကြာခဏ ကြုံတွေ့နေရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။