ဓာတ်ပုံ- MOI

ယာရူစိင်၊ မေလ ၇ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ အမျိုးသမီး ၁ ဦးကို အမျိုးသားတစ်စုက ပြန်ပေးဆွဲသွားပြီး တစ်ပတ်ကျော်အတွင်း လုယက်မှုနဲ့ ပြန်ပေးဆွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မေလ ၇ ရက် မနက် ၈ နာရီခွဲဝန်းကျင်က မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်မှာ ဆိုင်ကယ် မောင်းလာတဲ့ အမျိုးသမီး ၁ ဦးကို ကားမောင်းလာတဲ့ အမျိုးသား ၂ ဦးက ဆိုင်ကယ်ပေါ်က‌‌နေ ဆွဲချပြီး ပြန်ပေးဆွဲခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“‌မျက်နှာဖုံး‌တွေ စွပ်ထားကြတယ်။ အဲအမျိုးသမီးကို ပြန်ပေးဆွဲသူက ၃ ယောက်ပါ။ ကားထဲမှာ တစ်ယောက်ပါတယ်။ မူဆယ်မှာက သိရသလောက်ဆိုရင် မကြာခဏ ပြန်ပေးဆွဲမှု လုယက်မှုတွေ ဖြစ်နေတယ်”

မူဆယ်မြို့မှာ တရားဥပဒေစိုးမိုးမှု အားနည်းတာကြောင့် တစ်ပတ်ကျော်အတွင်း လုယက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားနေတာဟာ မူဆယ်မြို့အတွက် အထူးအဆန်း မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

“အခုကိစ္စက ပြန်ပေးဆွဲခံရတာနော်။ ပြီးရင် ဘာအသံမှ မကြားရတော့ဘူး။ ပြန်ပေးဆွဲခံရတဲ့သူက ဘယ်‌ရပ်ကွက်မှာနေလဲ ဘယ်သူလဲဆိုတာမျိုးလဲ သိရမှာ မဟုတ်တော့ဘူး။ ဘာလို့ဆို မူဆယ်မြို့ရဲ့ အခြေအနေက ကိုယ်ဖြစ်ကိုယ်ခံ အခြေအနေ ဖြစ်နေတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။

မူဆယ်မြို့မှာ လူသတ်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနဲ့ လုယက်မှု မကြာခဏ ဖြစ်ပွားပေမဲ့ တရားခံကို ဖော်ထုတ်နိုင်တဲ့အမှုက နည်းနေတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောဆိုပါတယ်။

“မူဆယ်မှာက ပိုင်ရှင်မဲ့အလောင်းလဲ မကြာခဏ တွေ့နေရတယ်။ လူသေလည်း ဘာသတင်းမှ မကြားရဘူး။ ဒီအတိုင်း ဘာမှမဖြစ်သလို ပြီးသွားတယ်။ မူဆယ်မြို့ရဲ့ အခြေအနေက အတော်လေး ဆိုးလာတယ်။ ကြောက်စရာကောင်းတဲ့မြို့ ဖြစ်နေပါပြီ”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ‌နဲ့ လောင်းကစားဝိုင်းဟာ အရင်ကထက် များလာပြီး ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုလည်း မကြာခဏ ဖြစ်ပွားနေတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။