ဓာတ်ပုံ- Local

ယာရူစိင်၊ ဧပြီ ၂၂ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့အထွက်ဂိတ်မှာ နောင်မွန်ဈေးကနေ ပြန်လာတဲ့ အမျိုးသမီးတစ်ဦးကို ဂိတ်စောင့်တဲ့ ကိုးကန့်တပ်သားတစ်ဦးက ညိုမဲတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ကာယကံရှင်က ရွှေဖီမြေကို ပြောပါတယ်။

ဧပြီ ၂၀ ရက် မနက် ၅ နာရီခွဲဝန်းကျင်မှာ နောင်မွန်ဈေးကနေ ပြန်လာတဲ့ အမျိုးသမီးတစ်ဦးက နောင်မွန်နဲ့ နမ့်ပေါင်ကြားမှာရှိတဲ့ ကိုးကန့်ဂိတ်မှာ ရိုက်နှက်ခံခဲ့ရတာလို့ ဆိုပါတယ်။

“ကျမတို့က တစ်ပတ်တစ်ခါ ဈေးပတ်သွားရတယ်လေ။ နောင်မွန်နဲ့ နမ့်ပေါင် မရောက်ခင် ကိုးကန့်ဂိတ် ရှိတယ်ပေါ့။ အဲဒီဂိတ်မှာ ဂိတ်ကြေး ဆောင်ရတာပေါ့။ တစ်ခါသွားရင် ဂိတ်ကြေး ၁ ထောင် ပေးရတယ်။ မနေ့ကျ ၅ ထောင်ဆိုတော့ သူ့ကို ပြောကြည့်သေးတယ်။ မရဘူးတဲ့ ၅ ထောင် ပေးရမယ်တဲ့။ အနောက်မှာလည်း ကားတွေ တန်စီးနေတော့ ဘေးမှာ ရပ်လိုက်မယ်နော်လို့ သူ့ကို ပြောသေးတယ်။ ဘေးမှာရပ်ဖို့ စက်နှိုးလိုက်တာပါ။ ကားတောင် မရွှေ့သေးဘူး ကားမှန်ချထားတော့ သူကျမရဲ့လည်ပင်းကို ညှစ်လိုက်တာ”

၎င်းအမျိုးသမီးရဲ့ လည်ပင်း ညှစ်တာအပြင် သေနတ်နဲ့ ထုတာ၊ ရိုက်နှက်တာတွေပါ လုပ်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ကျမ အရိုက်ခံရတဲ့အချိန်မှာ ဘေးတွေမှာ ယောကျာ်းတွေ အများကြီး ရှိပါတယ်။ သူတို့ကို ကြောက်နေတော့ ဘယ်သူမှ လာမတားရဲဘူး ဖြစ်နေတယ်။ ဂိတ်စောင့်က ဗမာစကားလည်း မတတ်ဘူး။ တရုတ်လူမျိုးကို လာစောင့်ခိုင်းတာ။ အဲလိုကျတော့ အဆင်မပြေဘူးလေ။ အထက်လူကြီးကိုတော့ ပြောထားတယ်။ သူလည်း ပြောပေးပါတယ်။ ကျမ ဖြစ်ချင်တာ ကျမရှေ့မှာ တောင်းပန်စေချင်တာပေါ့”

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတုန်းကလည်း သိန္နီမြို့နယ် မိုင်းလီရွာသူကြီးကို ဖမ်းခေါ်သွားပြီး ရိုက်နှက်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိသလို ဖေဖော်ဝါရီလထဲမှာလည်း မူဆယ် ၁၀၅ မိုင်က ဒေသခံတစ်ဦးကို ကိုးကန့်တပ်က သေလုနီးပါး ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။