ယာရူစိင်၊ ဇွန်လ ၂ ရက်၊ ကျောက်မဲ

ရှမ်းမြောက် ကျောက်မဲမြို့ကနေ ရှမ်းတောင် ညောင်ရွှေမြို့ဘက် စစ်ဘေးရှောင်သွားတဲ့ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေတယ်လို့ ၎င်းနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ အမျိုးသမီးနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာကတည်းက အဆက်အသွယ် ပြတ်တောက်သွားတာဖြစ်ပြီး ဒီနေ့ ဇွန်လ ၂ ရက်အထိ အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

“သူ ညောင်ရွှေဘက် ဆွေမျိုးတွေနဲ့အတူ စစ်ဘေးရှောင်တာ။ ဒီဇင်ဘာ ၂၅ ရက်တုန်းက အဆက်အသွယ် ရသေးတယ်။ နောက်ရက်တွေကျ ဖုန်းခေါ်ပေမဲ့ ခေါ်မရတော့ ဖုန်းလိုင်း မရဘူးထင်လို့ ဒီအတိုင်း ထားလိုက်တာ။ လ နည်းနည်းကြာလာတော့ သူတို့အိမ်ကို မေးကြည့်တော့လဲ အိမ်ကို သူရောက်မလာဘူး။ ညောင်ရွှေဘက်ကလူတွေလည်း သူနဲ့အဆက်အသွယ် မရဘူး မသိဘူးဘဲ ပြောနေတာ။ သူ့မိဘတွေကော ကျမတို့လည်း အရမ်းစိတ်ပူနေတယ်” လို့ ၎င်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်ရင်း ပျောက်ဆုံးနေတဲ့ ၎င်းအမျိုးသမီးဟာ အသက် ၁၉ နှစ်အရွယ် မမိုးစံပယ်ထွန်းဆိုသူဖြစ်ပြီး မိသားစုဝင်နဲ့ ၇ လကြာ အဆက်အသွယ် ပြတ်တောက်သွားတာပဲ ဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေးကြောင့် မမိုးစံပယ်ထွန်းအတွက် စိတ်ပူနေရပြီး ၎င်းကို တွေ့ရှိသူတွေအနေနဲ့ ဖုန်း 09-684 477 743 သို့ ဆက်သွယ်အကြောင်းကြားပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။