ဓာတ်ပုံ – The Kokang

ပို့လဘား၊ ဇန်နဝါရီ ၃၀ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကနေ ပြန်ဆု‌တ်ရမယ်လို့ တရုတ်ကိုယ်စားလှယ်တစ်ဦးက ကိုးကန့်တပ် ပြုလုပ်တဲ့ တရုတ်နှစ်သစ်ကူးပွဲ‌တော်မှာ ပြောဆိုခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ယက်မှာ ပြန့်နှံ့နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လားရှိုးမြို့မှာ ကိုးကန့်တပ်က ပြုလုပ်တဲ့ တရုတ်နှစ်သစ်ကူးပွဲ‌တော်ကို တရုတ်ကိုယ်စားလှယ်တစ်ဦးက လာရောက်ခဲ့ပြီး ကိုးကန့်တပ်အနေနဲ့ လားရှိုးကနေ ဆုတ်ခွာရမယ့်အကြောင်း ဒေသခံတွေကို တရုတ်ဘာသာစကားနဲ့ ရှင်းပြခဲ့ပေမဲ့ လားရှိုးမှာ ပြောဆိုတာ မဟုတ်ဘူးလို့ လားရှိုး ပြန်လည်ထူထောင်ရေးရဲ့ တာဝန်ရှိသူတစ်ဦးကတော့ တုန့်ပြန်ပါတယ်။

တရုတ်ကိုယ်စားလှယ်တစ်ဦး ပြောဆိုချက်ထဲ ငြိမ်းချမ်းရေး သဘောတူညီချက်အရ MNDAA က လားရှိုးမြို့ကနေ ဒီနှစ် ဆုတ်ရမယ်ဆိုတာအပြင် မြို့ထဲမှာလည်း ဇွန်လ မတိုင်ခင် တပ်သားသစ် စုဆောင်းတာ မရှိရသလို အဝေးရောက်နေတဲ့ ဒေသခံတွေလည်း အိမ်ပြန်လာနိုင်ပြီး အပစ်အခတ် ရပ်စဲမှု သဘောတူညီစာချုပ် ချုပ်ခဲ့ပြီဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

MNDAA ဟာ သိန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ လောက်ကိုင် မြို့ ၄ မြို့ကိုသာ အုပ်ချုပ်မှာဖြစ်ပြီး လားရှိုးမြို့ကနေတော့ ဆုတ်ခွာပေးရမယ်လို့ တရုတ်ကိုယ်စားလှယ်တစ်ဦးက ဒေသခံတွေကို တရုတ်ဘာသာစကားနဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လားရှိုး ပြန်လည်ထူထောင်ရေးရဲ့ တာဝန်ရှိသူတစ်ဦးကတော့ “အဲပွဲက လားရှိုးမှာ လုပ်တာ မဟုတ်ပါဘူး။ ဘယ်မှာ လုပ်လဲတော့ ကျနော်တို့လည်း မသိဘူး။ ကျနော်တို့လည်း စုံစမ်းနေတာ။ အဲဟာက ဒီနှစ်ကဟာလား အရင် အဟောင်းကလား ကျနော်တို့ မသဲကွဲလို့။ သူပြောသွားတာ ၂၀၂၅ လို့ သူမပြောသွားဘူး။ ၂၀၁၅ လို့ သူပြောသွားတယ်။ အဲကြောင့် အရင်ကဟာတွေဘဲ ဖြစ်မယ်ထင်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီသုံးလေးရက်မှာဘဲ တက်လာနေတာ” လို့ ပြောပါတယ်။

စစ်တပ်နဲ့ MNDAA ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်တာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တရားဝင် အပစ်ရပ်ခဲ့တဲ့အကြောင်း တရုတ်နိုင်ငံဘက်က ကြေညာခဲ့ပါတယ်။

အပစ်ရပ် သဘောတူညီချက်အပါအဝင် လားရှိုးမြို့ကနေ ကိုးကန့်တပ်အနေနဲ့ ပြန်လည် ဆုတ်ခွာရမယ်ဆိုတဲ့ သဘောတူညီချက်လည်း ပါဝင်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ကိုးကန့်တပ်ကတော့ အဲဒါနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်မှာ MNDAA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။