ဓာတ်ပုံ – Local

ယာရူစိင်း၊ ဖေဖော်ဝါရီ ၅ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့နဲ့ မိုင်းယော်ကြားမှာရှိတဲ့ TNLA ဂိတ်တစ်ခုဟာ ကုန်စည်ခွန်ဆိုပြီး ငွေ အဆမတန် တောင်းနေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းယန်းရွာဂိတ်မှာရှိတဲ့ တအာင်းတပ် ဂိတ်တစ်ခုဟာ ကုန်စည်ခွန်ဆိုပြီး ဓာတ်ဆီ တစ်ပေပါကို ၃ သောင်းကျပ်နှုန်းနဲ့ ကောက်ခံနေတယ်လို့ မြေ‌ပြင်အခြေအနေ သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အထက်က လူကြီးတွေ ညွှန်ကြားထားလားတော့ မသိဘူး။ နည်းနည်းလျှော့ပေးဖို့ သွားပြောလည်း မရဘူး ပြောနေလို့။ ၅ ပေပါဆိုရင် ၁ သိန်းခွဲ ကျတယ်။ တစ်ပေပါ ၃ သောင်းဆိုတာ အရမ်းများတယ်လေဗျ”

ကုန်စည်ခွန် တစ်ပေပါကို ၃ သောင်းနှုန်းနဲ့ ကောက်ခံနေတာဟာ လူထုတွေအတွက် အဆင်မပြေသလို များတဲ့ပမာဏ ဖြစ်တာကြောင့် လျှော့ပြီး ကောက်ခံပေးဖို့ မျှော်လင့်နေကြောင်းလည်း ပြောပါတယ်။

နောက်ထပ် မြေပြင်အခြေအနေ သိရှိသူ အမျိုးသားတစ်ဦးက “ကုန်စည်ခွန် ကောက်ခံတာနဲ့ ပတ်သက်ပြီး ကျနော်လည်း လူထုတွေဆီက အသံတွေ ကြားနေရပါတယ်။ အခုခေတ်ကာလမှာ အဲပိုက်ဆံလောက် တောင်းတာက လွန်တယ်လေနော်။ ပြောတော့ တအာင်းတပ်တွေ အခုအခွန်ကောက်ခံတာ မရှိရဘူးဆို ခုကျ ကောက်နေတာဘဲဗျ။ ပြေစာနဲ့လည်း မဟုတ်ဘူးဆိုတော့ အောက်ခြေက တပ်သားတွေဘဲ လုပ်စားနေတာ ထင်တယ်ဗျ” လို့ ပြောပါတယ်။

အခွန်နဲ့ ပတ်သက်ပြီး လူထုရဲ့ အခက်အခဲ အကျပ်အတည်း‌ကို ဖြေရှင်းနိုင်ဖို့အတွက် စက်သုံးဆီ၊ အိမ်သုံးပရိဘောဂနဲ့ စားသောက်ကုန်ပစ္စည်းကို ကင်းလွှတ်ခွင့် ပေး‌ထားတယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

“ကင်းလွှတ်ခွင့်တွေကို ကျမတို့ အောက်ခြေမှာ ကောက်ခံနေတဲ့ တပ်သားတွေကိုလည်း ကျမတို့က ဒီစာတွေကို ဖြန့်ဝေထားပါတယ်။ ဒါကြောင့် မိဘပြည်သူလူထုတွေအနေနဲ့ ဒီသုံးမျိုးနဲ့ ပတ်သက်ပြီး တအာင်းပြည်အတွင်းမှာ အခွန်ကင်းလွှတ်ခွင့်ရမှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ ဒီအခွန်တွေကို မတရား ကောက်ခံနေရတာမျိုးရှိရင် ပြည်သူ့ဆက်ဆံရေးစင်တာကနေတဆင့် တိုင်ကြားပြီး ဆက်သွယ်နိုင်ပါတယ်”

မိုင်းယော်မြို့ကနေ မိုင်းယန်းကျေးရွာ လမ်းတစ်လျှောက်လုံးမှာ စစ်တပ်က ကုန်စည်ခွန်ကို ကောက်ခံတာမရှိဘဲ တအာင်းတပ်ကဘဲ ကောက်ခံတာ ရှိနေတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။