မိုင်းရူပ၊ ဒီဇင်ဘာ ၆ ရက်၊ နမ္မတူ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ မနက်ဖြန် ဒီဇင်ဘာ ၇ ရက်မှာ ကျရောက်မယ့် ၂၇၁၇ နှစ်မြောက် တအာင်းနှစ်သစ်ကူးနေ့ကို ကြိုဆိုနေကြတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ တိုက်ပွဲတွေကြောင့် တအာင်းနှစ်သစ်ပွဲကို အကျဥ်းချုပ်သာ ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ အပစ်ရပ်ထားချိန်ဖြစ်တာကြောင့် တအာင်းတပ်ထိန်းချုပ်ဒေသမှာ နှစ်သစ်ကူးပွဲတွေ စည်စည်ကားကား ကျင်းပနေကြပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ဒေသမှာ တိုက်ပွဲတွေငြိမ်သက်သွားပေမယ့် တခြားဒေသမှာ စစ်ကောင်စီရဲ့ ရက်စက်မှုတွေကို နေ့စဥ်လိုလို ကြုံတွေ့နေရပြီး လူထုတွေအနေနဲ့ စစ်ရေး၊ နိုင်ငံရေးသတိရှိကြဖို့ တအာင်းတပ်ဘက်က ပေးပို့တဲ့ တအာင်းနှစ်သစ်ကူးသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
TNLA ထိန်းချုပ်ဒေသဖြစ်တဲ့ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့မှာတအာင်းနှစ်သစ်ကူးပွဲကို စည်စည်ကားကား ကျင်းပနေပြီး ကျန်မြို့တွေမှာတော့ အကျဥ်းချုပ်သာ ကျင်းပတာ တွေ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။