ဓာတ်ပုံ – Local

ယာရူစိင်၊ ဖေဖော်ဝါရီ ၂၆ ရက်၊ မူဆယ်

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ မူဆယ်မြို့က လူမြင်ကွင်း လမ်းမပေါ်မှာ လုယက်မှု ဖြစ်ပွားပြီး တစ်ပတ်အတွင်း မူဆယ်မှာ လုယက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွါးထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းအချိန်မှာ မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရွှေရာစု ဟိုတယ်အရှေ့ လမ်းမပေါ်မှာ ဆိုင်ကယ်မောင်းပြီး ပိုက်ဆံအိတ်ကိုင်ဆောင်ထားတဲ့ အမျိုးသမီးနှစ်ဦးနောက်ကို ဆိုင်ကယ်မောင်းတဲ့ အမျိုးသားနှစ်ဦးက နောက်ကနေ ကပ်လိုက်ပြီး လုယက်သွားတယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ထိခိုက်တာမျိုးတော့ မရှိဘူး။ ဒီတိုင်း ပိုက်ဆံအိတ်လုသွားတော့ ဆိုင်ကယ်မှောက်သွားတယ်ပေါ့။ အိတ်ထဲ ပါသွားတဲ့ပစ္စည်းတွေတော့ ကျနော်လဲ မသိရပါဘူးဗျ”

မူဆယ်မြို့ တရားဥပဒေစိုးမိုးရေး အားနည်းနေတာ‌ကြောင့် လုယက်မှုဖြစ်ပွားတာဟာ ကိစ္စအသေးအမွှားလောက်ဘဲ ရှိတယ်လို့ နောက်ထပ်မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မူဆယ်မြို့ရဲ့ အခြေအနေက ကိုယ်ဖြစ်ကိုယ်ခံပေါ့နော်။ ဆိုင်ကယ်နဲ့ ပိုက်ဆံအိတ် လုတာလောက်တော့ ဘာမှ အထွေအထူးမဟုတ်တော့ဘူး။ သေနတ်အရှည်ကြီးတွေနဲ့ ဓားပြတိုက်ခံရတာတောင်မှ အမှုပေါ်ခဲ့တာမှမဟုတ်တာ။ အဲဒါကြောင့် မူဆယ်မြို့က လူထုတွေလဲ သတိနဲ့နေကြတယ်။ တကယ်လို့ ဖြစ်သွားရင်လဲ ဘယ်သူ့ကိုတိုင်လို့တိုင်ရမှန်း မသိတော့ဘူး။ တိုင်တော့လဲ အမှုက ပေါ်တာမှ မဟုတ်တာ”လို့ ဆိုပါတယ်။

မူဆယ်မြို့မှာ လူသတ်မှု၊ ဓားပြတိုက်မှုနဲ့ လုယက်မှု မကြာခဏဖြစ်ပွားလည်း ဘယ်အမှုကိုမှ သက်ဆိုင်ရာဌာနတွေက ဖော်ထုတ်နိုင်ခဲ့တာ မရှိဘူးလို့ အထက်ပါ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

နောက်ထပ် သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “မူဆယ်မြို့ရဲ့ တရားဥပဒေပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေက ပြီးဆုံးသွားပြီး မရှိတော့တဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့။ လူသေလဲ ဘာသတင်းမှ မကြားရဘူး ပြီးဆုံးသွားတယ်။ မူဆယ်မြို့ရဲ့ အခြေအနေက အတော်လေး ဆိုးလာတယ် ကြောက်စရာကောင်းတဲ့ မြို့ဖြစ်နေပါပြီဗျ”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မူဆယ်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်း မူလထက်ပိုများလာပြီး ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုလည်း မကြာခဏဖြစ်ပွါးနေတဲ့ မြို့လည်း ဖြစ်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။