သူတော်စိန်၊ မေလ ၂၂ ရက်၊ မူဆယ်

ရှမ်းမြောက် တရုတ်မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူရဲကင်းမှာ ဝာာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားတစ်ဦးက ၎င်းစီးနင်းလာတဲ့ ဘက်ထရီဆိုင်ကယ် (၁) စီး၊ ဖုန်း (၂) လုံးနဲ့ ပိုက်ဆံအိတ်တွေ လုယက်သွားခံရကြောင်း စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာ ရဲတပ်သား ဝင်းကိုဆိုသူ ဆင်ဖြူဂိတ်ကနေမှာ ရဲခစခန်းပြန်လာချိန် ရွှေသမင်ကုန်းအတက်မှာ အသက်(၂၀)အရွယ် လူငယ်တစ်ဦးရဲ့ လုယက်ခံခဲ့ရတာကို ခံခဲ့ရတာဖြစ်ပါတယ်။

“သူတို့အချင်းချင်း စကားပြောနေတာလို့ သမီးတို့က ထင်နေကြတာ။ ဖုန်းပေးလိုက်တာလည်း တွေ့တယ်။ နောက်ပြီး ရဲယူနီဖောင်းနဲ့ဆိုတော့ အလုခံရတယ်လို့ မထင်ဘူးလေ။ လုတဲ့ကောင်လေးက ဆိုင်ကယ်စီးပြီး မောင်းပြေးသွားမှ အဲရဲကြီးက ကယ်ကြပါဦး။ လုပ်ကြပါဦးလို့ အော်မှ လုယက်ခံရမှန်းသိရတာ။ အမှန်ပြောရင်တော့ မသနားဘူး။ ရယ်ချင်တာ။ သူတို့ဖြစ်မှ နာရမှန်းသိတဲ့ လူတွေလေ”ဆိုပြီး အနီးနားရှိ အလှပြင်ဆိုင်မှ မိန်းကလေးငယ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မေလ (၁၈) ရက်နေ့တုန်းကလည်း ဟိုနားရပ်ကွက် မင်းထိပ်ခေါင်လက်ဖက်ရည်ဆိုင် နောက်ကျောမှာ နေထိုင်တဲ့ မိန်းကလေးတစ်ဦးလည်း ဈေးသို့ပြန်လာချိန် ပြန်ပေးဆွဲခံရပြီး သိန်း(၁)ထောင်နဲ့ ပြန်ရွေးခဲ့ရကြောင်း သိရပါတယ်။

ပြန်ပေးဆွဲခဲ့တဲ့အဖွဲ့ဟာ ပြည်သူ့စစ်ယူနီဖောင်းတွေကို ဝတ်ဆင်ထားပေမဲ့ ဘယ်အဖွဲ့ကဆိုတာ မသိရသေးပဲ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းသော်လည်း ကာယကံရှင်က မိသားစုလုံခြုံရေးအတွက် မပြောပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မူဆယ်မြို့မှာ နေ့စဥ်လိုပဲ အလားတူ လုယက်မှုတွေ ဖြစ်ပွားနေသော်လည်း တရားခံတွေကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။