သူတော်စိန်၊ ဇူလိုင် ၂၂ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့်- BP စာအုပ် သက်တမ်း တိုးပေးမယ်ဆိုပြီး တရုတ်ဘက် အလုပ်ဝင်လုပ်မယ့်သူတွေဆီကနေ မူဆယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးမဖြစ်တဲ့ မဖူးပွင့်ခိုင်နဲ့ တောင်ကြီး လဝကရုံးမှ စိုင်းလီက သိန်း ၃ ထောင်ကျော် လိမ်လည်သွားပါတယ်။

ရှမ်းမြောက် မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ မန့်ဟီးရိုးနဲ့ ကြူကုတ်ပန်ဆိုင်းက ဒေသခံ ၃၀၀ ကျော်ဆီကနေ တစ်ဦးကို ယွမ် ၁,၅၀၀ (ကျပ် ၁၀ သိန်းဝန်းကျင်) ယူပြီး စာအုပ် လုပ်ဆောင်ပေးခြင်း မရှိတာကြောင့် လိမ်လည်ခံရသူတွေက အခက်တွေ့နေကြတာ ဖြစ်ပါတယ်။

“ကျမတို့က မဖူးပွင့်ခိုင်ဆီ အပ်ထားတာ။ အခုဆို ၃ လကျော်ပြီ။ ပြန်တောင်းတော့ သူ့ကိုလည်း စိုင်းလီက လိမ်သွားလို့ သူ့မှာ စိုက်ပေးစရာ ငွေမရှိဘူးလို့ ပြောတယ်။ ကျမတို့ ဘာလုပ်ရမှန်း မသိတော့ဘူး။ ငွေလည်း ကုန်သလောက် ဖြစ်နေပြီ။ ဘယ်ပရဟိတမှလည်း လာမကူညီကြဘူး” လို့ လိမ်ခံရသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

BP (စာအုပ်အနီ)ကို လဝကရုံးက အခမဲ့ တုံကင်ယူစနစ်နဲ့ ဆောင်ရွက်ပေးရာ လချီ ကြာတတ်တာကြောင့် မဖူးပွင့်ခိုင်နဲ့ စိုင်းလီက ပူးပေါင်းပြီး တစ်ပတ်အတွင်း အမြန်ကြေးစနစ်နဲ့ လုပ်ဆောင်ပေးဖို့ အပ်နှံကြတာလို့ ဆိုပါတယ်။

လိမ်ခံရသူတွေနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးကလည်း “စိုင်းလီ မိဘတွေက မူဆယ်မှာ ရှိတယ်။ စိုင်းလီက အရင် မူဆယ် လဝကမှာ လုပ်အားပေး လုပ်ခဲ့တော့ မူဆယ် လဝကတွေကို သိတယ်။ သူလုပ်ပေးမယ်ပြောလို့ ဖူးပွင့်ခိုင်က အလုပ် အပ်လိုက်တာ။ ငွေကို K-Pay ကနေ လွှဲတယ်။ တချို့ကို ဖူးပွင့်ခိုင်က သူယူတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ မဖူးပွင့်ခိုင်အပြင် ကိုဇော်၊ ကိုညီခ၊ ပိုးအိစံ၊ အေးအေးမြင့်၊ ဆိုင်းဟွမ်၊ အောင်ထွန်း၊ ကိုမြအောင်နဲ့ ဦးဇော်တို့ကလည်း ပွဲစား ဖြစ်ကြပြီး ၎င်းတို့ကလည်း ဒေသခံတွေဆီကနေ အခုလို ငွေလိမ်လည်ပြီး ထွက်ပြေးတိမ်းရှောင်နေကြကြောင်း စုံစမ်းသိရှိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။