ဓာတ်ပုံ- Local

ပို့လဘား၊ ဇန်နဝါရီ ၁ဝ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ်မြို့မှာ ဆိုင်ကယ်ဘက်ထရီ ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မနေ့ ဇန်နဝါရီ ၉ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ မူဆယ်မြို့ မန့်ဝိန်း ၂ လမ်းမှာ ဆိုင်ကယ်ဘက်ထရီ ပေါက်ရာကနေ အိမ်မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မန့်ဝိန်း မြဝတီဘဏ် မျက်စောင်းထိုး လမ်းကြားမှာ လောင်တာ။ ဘယ်ကနေ ဘယ်လို ပေါက်လဲတော့ မသိဘူး။ ဘေးအိမ်တော့ မကူးဘူး။ ထရံလည်းပါတော့ လောင်အား ကောင်းတာ။ ဆိုင်ကယ်ပြင်ဆိုင်ဆိုတော့ မီးကူးတာ မြန်တယ်”

မီးလောင်သွားတဲ့အိမ်ဟာ မူဆယ်မြို့ မန့်ဝိန်း ၂ လမ်းမှာ နေထိုင်တဲ့ ဦးအိုက်ဆိုင်းဆိုသူရဲ့ အိမ်ဖြစ်ပြီး မီးလောင်သွားတဲ့ အိမ်ရဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ် နိုဝင်ဘာ ၃ ရက်ကလည်း မူဆယ်မြို့ ဆင်ဖြူဂိတ်အနီးက ၉၉ အားကစားကွင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။