ဓာတ်ပုံ – Ko Aung Myo

ပို့လဘား၊ ဇူလိုင် ၃၀ ရက်၊ ကျောက်မဲ

ရှမ်းမြောက် နောင်ချိုမြို့ကနေ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အနီး နောင်ပိန်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကိုရင်တစ်ပါး ပျံလွန်‌တော်မူပြီး ဒေသခံ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင်လ ၃၀ ရက် နေ့လည် ၂ နာရီခွဲမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျံလွန်တော်မူသွားတဲ့ ကိုရင်နဲ့ ဒဏ်ရာရသွားသူတွေဟာ နောင်ချိုက‌နေ စစ်ရှောင်လာကြတဲ့ ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။

“ဆေးရုံမှာ ၁ လုံးကျတယ်။ ပုပ္ပါးရုံကျောင်းမှာ ၁ လုံးကျတာ။ ကိုရင်ရဲ့ လက်တစ်ဖက်က ပြတ်ထွက်သွားတယ်။ သူတို့ပစ်လာတာ ၉ လုံး လောက် ရှိမယ်ထင်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းပြန်ထိန်းချုပ်နေတဲ့ နောင်ချိုမြို့ကနေ TNLA ထိန်းချုပ်နေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် နောင်ပိန်ကျေးရွာကို စစ်ရှောင်လာတဲ့ ဒေသခံတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် တစ်ဖန်ပြန်လည် တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်ကလည်း ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။